အားထားရသည့် တောင်ပံကစားသမား ဆာကာ ဒဏ်ရာရရှိသွားပြီးနောက် အာဆင်နယ်အသင်းနည်းပြ အာတီတာက ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။
ဆာကာသည် ဒီဇင်ဘာ ၂၁ ရက်က ပဲလေ့စ်အသင်းနှင့်ကစားသည့် ပရီးမီးယား လိဂ်ပွဲတွင် ယာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၄ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ ၎င်းအနေဖြင့် ရက်သတ္တပတ်များစွာ အနားယူရနိုင်ကြောင်း အာတီတာက အတည်ပြုပြောကြားထားပြီး ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနကလည်း ဖေဖော်ဝါရီလကုန်ပိုင်း သို့မဟုတ် မတ်လဆန်းပိုင်းအထိ အနားယူရနိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
သို့ဖြစ်ရာ ဇန်နဝါရီတွင် ကစားသမား သစ်ခေါ်ယူရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုအပေါ် အာတီတာက "တကယ်လို့ မယုံနိုင်လောက်စရာအခြေအနေရရှိခဲ့ရင်၊ အသင်းကလည်း ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်တို့ အဲဒါကို ဆုံးဖြတ်မှာပါ" ဟု ဖြေကြားခဲ့သည်။
ဆာကာသည် ပွဲအပြီးတွင် ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ပြန်သွားခဲ့ရပြီး ယခုရာသီတွင် တတိယအကြိမ်မြောက် တံကောက်ကြော ဒဏ်ရာရရှိခြင်းဖြစ်သည်။ ယခုတစ်ကြိမ်မှာ အပြင်းထန်ဆုံးဖြစ်နိုင်ပြီး အထူးကုဆရာဝန်နှင့် ပြသ၍ စစ်ဆေးမှုများပြုလုပ်ပြီးမှသာ အနားယူရမည့်ကာလကို အတိအကျသိရမည်ဖြစ်သည်။
ဆာကာ (၂၃ နှစ်) သည် အာဆင်နယ်အသင်း၏ အားထားရသည့် အဓိက ကစားသမားဖြစ်ပြီး ယခုရာသီတွင် ပြိုင်ပွဲစုံ ၂၄ ပွဲကစား၊ ကိုးဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
