ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် Boxing Day ပွဲစဉ်များတွင် နိုင်ပွဲရာခိုင်နှုန်း အများဆုံးအဖြစ် မန်ယူအသင်းက ရပ်တည်လျက်ရှိကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်ကထုတ်ပြန်ထားသည့် စစ်တမ်းအရ မန်ယူအသင်းက Boxing Day ပွဲစဉ် စုစုပေါင်း ၂၈ ပွဲယှဉ်ပြိုင်ကစားရာတွင် ၂၂ ပွဲအထိ အနိုင်ရကာ လေးပွဲသရေ၊ နှစ်ပွဲသာ ရှုံးနိမ့်ထားပြီး နိုင်ပွဲရာခိုင်နှုန်း ၇၈ ဒသမ ၆ ဖြင့် ရလဒ်အကောင်းဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။
မန်ယူအသင်း၏နောက်တွင် လီဗာပူးလ်အသင်းက ၁၇ ပွဲနိုင်၊ ငါးပွဲသရေ၊ လေးပွဲရှုံး၊ ၆၅ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဒုတိယ၊ အာဆင်နယ်အသင်းက ၁၆ ပွဲနိုင်၊ ခုနစ်ပွဲ သရေ၊ နှစ်ပွဲရှုံး၊ ၆၄ ရာခိုင်နှုန်းဖြင့် တတိယ၊ ကိုဗင်ထရီအသင်းက ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ၆၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် စတုတ္ထ၊ စပါးအသင်းက ၁၅ ပွဲနိုင်၊ ရှစ်ပွဲသရေ၊ သုံးပွဲရှုံး၊ ၅၇ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေသည်။
ထိပ်သီးအသင်းများအနက် မန်စီးတီး အသင်းက ၁၂ ပွဲနိုင်၊ နှစ်ပွဲသရေ၊ ခုနစ်ပွဲရှုံး၊ ၅၇ ဒသမ ၁ ရာခိုင်နှုန်းဖြင့် အဆင့် ၆၊ ချယ်လ်ဆီးအသင်းက ၁၃ ပွဲနိုင်၊ ကိုးပွဲသရေ၊ ခြောက်ပွဲရှုံး၊ ၄၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အဆင့် ၉ နေရာ ရပ်တည်လျက်ရှိသည်။ ပရီးမီးယားလိဂ်ဝက်ဘ်ဆိုက်အနေဖြင့် အနည်းဆုံး Boxing Day ပွဲစဉ် ငါးပွဲကစားဖူးသည့်အသင်းများကို ယခုစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်ပြီး နောဝစ်ချ်နှင့် ရှက်ဖီးယူနိုက်တက်အသင်းတို့ မှာ တစ်ပွဲမျှအနိုင်မရဖူးကြောင်း သိရသည်။
ယခုနှစ် ခရစ္စမတ်ပွဲကျပ်ကာလတွင် ခရီးအကွာအဝေး အများဆုံးသွားရမည့် အသင်းအဖြစ် ဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် လီဗာပူးလ်အသင်းက ရပ်တည်လျက်ရှိသည်။ Grosvenor Sport ဝက်ဘ်ဆိုက်၏ ဖော်ပြမှုအရ ဒီဇင်ဘာ ၂၁ ရက်မှ ၃၁ ရက် အတွင်း လီဗာပူးလ်အသင်းမှာ အဝေးကွင်း နှစ်ပွဲ၊ အိမ်ကွင်းတစ်ပွဲ ကစားရမည်ဖြစ်ရာ စုစုပေါင်း ၇၁၁ ဒသမ ၅၇ မိုင်အထိ သွားရမည်ဖြစ်ကြောင်း သိရသည်။
ထိပ်သီးအသင်းများအနက် ချယ်လ်ဆီးအသင်းက ၄၉၆ ဒသမ ၉၄ မိုင်၊ မန်စီးတီးအသင်းက ၂၈၅ ဒသမ ၅၂ မိုင်၊ စပါးအသင်းက ၂၀၅ ဒသမ ၆၂ မိုင်၊ မန်ယူအသင်းက ၁၂၁ ဒသမ ၄၇ မိုင်၊ အာဆင်နယ်အသင်းက ၂၁ ဒသမ ၇၅ မိုင် သွားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
