ဆော်ဒီနိုင်ငံ၌ကျင်းပမည့် UFC Fight Night ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းချန်ပီယံဟောင်း အဒီဆန်ညာနှင့် အီမာဗော့ဗ်တို့ ခေါင်တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း သိရသည်။
UFC Fight Night 250 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ဆော်ဒီနိုင်ငံ၊ ရီယာ့ဒ် မြို့ရှိ ANB Arena ၌ ကျင်းပမည်ဖြစ်ပြီး တွဲ ဆိုင်းစုစုပေါင်း ၁၁ ပွဲ ထည့်သွင်းထားသည်။ ယင်းပြိုင်ပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် နိုင်ဂျီးရီးယားနိုင်ငံဖွား နယူးဇီလန်ကစားသမား အဒီ ဆန်ညာနှင့် ရုရှားနိုင်ငံဖွား ပြင်သစ်ကစားသမား အီမာဗော့ဗ်တို့ မစ်ဒယ်ဝိတ်တန်းပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ယခုပွဲစဉ် မှာ ချန်ပီယံစိန်ခေါ်ပွဲမဟုတ်သော်လည်း ငါးချီထိုးသတ်ရမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံဟောင်း အဒီဆန်ညာအနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံစိန်ခေါ်ပွဲမဟုတ်ဘဲ ထိုးသတ်ရခြင်း ဖြစ်သည်။
အဒီဆန်ညာ (၃၅ နှစ်) သည် ပရော်ဖက်ရှင်နယ်ပွဲစဉ်စုစုပေါင်း ၂၈ ပွဲထိုးသတ်ရာ ၂၄ ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ထားပြီး နောက်ဆုံးလေးပွဲတွင် ရှုံးပွဲသုံးပွဲကြုံတွေ့ထားသည်။ အီမာဗော့ဗ် (၂၉ နှစ်) မှာလည်း ပရော်ဖက်ရှင်နယ် ပွဲစဉ်စုစုပေါင်း ပွဲ ၂၀ ထိုးသတ်ရာ ၁၅ ပွဲနိုင်၊ လေးပွဲရှုံးနိမ့်ပြီး တစ်ပွဲမှာ ရလဒ်ပယ်ဖျက်ခံထားရသည်။ ဒုခေါင်တွဲဆိုင်းအဖြစ် ရုရှား ကစားသမား မာဂိုမီဒေါ့ဗ်နှင့် အင်္ဂလန်ကစား သမား မိုက်ကယ်ပေ့ချ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
UFC ပြိုင်ပွဲကို ဆော်ဒီနိုင်ငံ၌ ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို ယခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
