ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် Nations League ပြိုင်ပွဲ၌ တောင်အမေရိကထိပ်သီးအသင်းများဖြစ်သည့် အာဂျင်တီးနားနှင့် ဘရာဇီးလ်တို့ကို ဖိတ်ခေါ်ယှဉ်ပြိုင်စေရန် စဉ်းစားနေကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေသည့်နည်းတူ UEFA ကလည်း Nations League ပြိုင်ပွဲကို ပရိသတ်စိတ်ဝင်စားမှု ပိုမိုရရှိစေရန်အတွက် ကြံဆနေခြင်းဖြစ်သည်။
အီတလီသတင်းစာ La Gazzetta dello Sport က UEFA သည် Nations League ပြိုင်ပွဲ၌ ဥရောပပြင်ပမှ အသင်းအချို့ကို ဖိတ်ခေါ်၍ ဧည့်သည်အသင်းများအဖြစ် ထည့်သွင်းယှဉ်ပြိုင်စေရန် စဉ်းစားနေပြီး ယင်းအတွက် တောင်အမေရိက ထိပ်သီးနှစ် သင်းကို အဓိကပစ်မှတ်ထားနေကြောင်း ဖော်ပြခဲ့သည်။
UEFA သည် တောင်အမေရိကဘောလုံး အဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်လာသည့်အတွက် ယခုအစီအစဉ်သစ်ကို ထပ်မံအကောင်အထည်ဖော်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။
UEFA နှင့် CONMEBOL တို့သည် ယူရိုချန်ပီယံနှင့် ကိုပါအမေရိကချန်ပီယံအသင်းများ ခြေစမ်းယှဉ်ပြိုင်ကစားသွားရန်လည်း သဘောတူညီမှု ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
