Top News

အက်သလက်တီကိုနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆွာရက်ဇ်ဆန္ဒရှိနေသော်လည်း အသင်းအနေဖြင့် ရာသီကုန်ချိန်မှဆုံးဖြတ်မည်
24htopnews | December 25, 2024 6:12 PM CST

အက်သလက်တီကိုအသင်း၏ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်သည် အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေသော်လည်း အက်သလက်တီကိုအသင်းအနေဖြင့် ယခုရာသီကုန်တွင်မှ ၎င်း၏စာချုပ်သစ်ကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

အသက် (၃၄)နှစ်အရွယ်ရှိ ဆွာရက်ဇ်သည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းမှ အက်သလက်တီကိုအသင်းသို့ (၂)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်း၏စာချုပ်သက်တမ်းမှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ဆွာရက်ဇ်အနေဖြင့် ကစားသမားဘဝကို စပိန်မြေတွင်သာ ဆက်လက်ဖြတ်သန်းရန် ဆန္ဒရှိနေပြီး အက်သလက်တီကိုနှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ရန် မျှော်လင့်လျက်ရှိနေသည်။

သို့သော် အက်သလက်တီကိုအသင်းအနေဖြင့် ဆွာရက်ဇ်၏ကြံ့ခိုင်မှုအခြေအနေနှင့် ခြေစွမ်းအားစောင့်ကြည့်ကာ ယခုရာသီကုန်မှာ စာချုပ်သစ်အတွက်ဆွေးနွေးလိမ့်မည်ဖြစ်ကြောင်း သိရသည်။

ဆွာရက်ဇ်သည် အက်သလက်တီကိုအသင်းနှင့် ပထမဆုံးရာသီတွင်ပင် လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို၊ အသင်းအတွက်လက်ရှိအချိန်အထိပြိုင်ပွဲစုံ (၄၉)ပွဲကစားကာ၊ (၂၆)ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနေသူဖြစ်သည်။


READ NEXT
Cancel OK