ဘိုင်ယန်မြူးနစ်ဂန္ထဝင်ကစားသမားဟောင်းနှင့် မန်ယူအသင်းကစားသမားဟောင်းလည်းဖြစ်သည့် ရှဝိန်းစတိုင်ဂါက မန်ယူအသင်းသည် တစ်ပွဲကောင်းအဆင့်သာရှိပြီး ထိပ်တန်းအသင်းကြီးများကို ယှဉ်ပြိုင်နိုင်သည့် အတန်းမျိုးတွင် ရှိမနေဟု သုံးသပ်ပြောကြားခဲ့သည်။
စတိုင်ဂါက ''ခင်ဗျားဆီမှာ စီရော်နယ်လ်ဒိုရှိနေပြီး ခင်ဗျားက သူ့ကို ဂိုးဧရိယာထဲ ဘောလုံးရောက်အောင် ပို့ပေးနိုင်ရင် သူက ဂိုးတွေသွင်းမှာပဲ။ ဒါပေမဲ့ ခင်ဗျားဆီမှာ ဘိုနူချီ၊ အလာဘာတို့လို အရည်အသွေးမြင့် ပေးပို့မှုတွေလုပ်နိုင်တဲ့ နောက်ခံလူတွေ မရှိဘူးဆိုရင် အခက်အခဲတွေရှိပါတယ်။ ဆိုးလ်ရှားရဲ့အသင်းက အခုအထိ တည်ဆောက်နေဆဲဆိုပေမယ့် ကျွန်တော့်အမြင်မှာတော့ သူလုပ်နေတာ ကြာလွန်းပါတယ်။ ခင်ဗျား မန်စီးတီးကို ကြည့်ရင်၊ ချယ်လ်ဆီးအတွက် တူဟယ်လ် ပြောင်းလဲပေးခဲ့တာတွေကို ကြည့်ရင် မန်ယူအတွက်ဆိုးလ်ရှား လုပ်နေတာတွေက နှေးကွေးလွန်းပါတယ်။ စီရော်နယ်လ်ဒို၊ ဗာရန်းတို့လို ကစားသမားတွေက အသင်းတိုင်းကို ကူညီနိုင်သူတွေဖြစ်ပေမဲ့ မေးခွန်းထုတ်စရာက သူတို့အတွက်သင့်တော်တဲ့ နည်းဗျူဟာပိုင်းကို နည်းပြက လုပ်နိုင်ရဲ့လားဆိုတာပဲ။ မန်ယူအသင်းဟာ တစ်ပွဲချင်းအနေနဲ့ဆိုရင် ဘယ်အသင်းကိုမဆို နာကျင်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ဘောလုံးအသင်းတစ်သင်းရဲ့အဆင့်အတန်းအရဆိုရင် ချယ်လ်ဆီး၊ လီဗာပူးလ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေနဲ့ အရမ်းကွာနေပါပြီ။ ဆိုးလ်ရှားက ဒီအသင်းကို ပိုကောင်းအောင် လုပ်နိုင်ပါ့မလားဆိုတာကို ကျွန်တော် အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မပြောရဲသေးပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
