
စွပ်စွဲပြစ်တင်ခံရသော သမ္မတယွန်းဆော့ယိုကို စုံစမ်းစစ်ဆေးရေးအတွက် အထူးဥပဒေကြမ်းများအား ဥပဒေအဖြစ်သို့ လက်မှတ်ရေးထိုးပေးရန်ငြင်းဆန်မှုကို ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယားအ တိုက်အခံကယာယီသမ္မတ ဟန်ဒွတ်ဆူးကို စွပ်စွဲပြစ်တင်မည်ဟု ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ရာထူးရပ်ဆိုင်းခံထားရသော သမ္မတယွန်းဆော့ယို၏အချိန်မကြာလိုက်သော စစ် အုပ်ချုပ်ရေးဥပဒေထုတ်ပြန်မှုကို စုံစမ်းစစ်ဆေးရန်သာမက ၎င်း၏ဇနီးကင်ကျုံဟီးနှင့်သက်ဆိုင်သည့် အဂတိလိုက်စားမှုစွပ်စွဲမှုများကိုလည်း စုံစမ်းစစ်ဆေးရန် အထူးဥပဒေကြမ်းနှစ်ခုကို ကြေညာပေးရေးအတွက် ဟန်အတွက် နောက်ဆုံးသတ်မှတ်ချိန်ကို ခရစ္စမတ်အကြိုနေ့အဖြစ် အဓိကအတိုက်အခံ ဒီမိုကရက်တစ်ပါတီက သတ်မှတ်ထားသည်။
ကွန်ဆာဗေးတစ်ခေါင်းဆောင် ယွန်းဆော့ယိုကို ဒီဇင်ဘာ ၁၄ ရက်တွင်လွှတ်တော်က ရာထူးတာဝန်များ ရပ်ဆိုင်းခဲ့သည်။ ယွန်းသည် ဒီဇင်ဘာ ၃ ရက်ကအရပ်ဘက် အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ် ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။
နာရီပိုင်းအကြာတွင် လွှတ်တော်ကယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာချက်ကို မဲခွဲပယ်ချခဲ့ပြီးနောက် မကြာမီ ဒီဇင်ဘာ ၄ ရက်နံနက်အစောပိုင်းတွင် ယွန်းကစစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ရန် မဲပေးခဲ့ပြီးနောက်ထိုအမှုကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်းစီရင်ချက်ချမည်ဖြစ်ကာ ထိုကာလအတွင်း ယွန်းသည် သမ္မတအဖြစ်မှ ဆိုင်ငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ဟန်ဒွတ်ဆူးက ယာယီသမ္မတအဖြစ် တာဝန်ယူထားသည်။
ဒီဇင်ဘာ ၂၄ ရက် အစိုးရအဖွဲ့အစည်းအဝေးတွင် အတိုက်အခံ၏တောင်းဆိုချက်ကို ပယ်ချခဲ့သော ဟန်ဒွတ်ဆူးက ဥပဒေကြမ်းနှစ်ခုအတွက် ပါတီနှစ်ရပ်သဘောတူညီချက်ရှိရမည်ဟု ပြောကြားခဲ့သည်။
“သူ့ရဲ့ရပ်တည်ချက်ဟာ ကျွန်တော်တို့ကို ရွေးချယ်စရာမရှိဖြစ်စေတယ်ဆိုပေမယ့်လည်း တရားစွဲတာကို နှောင့်နှေးအောင်လုပ်ဆောင်ခြင်းဖြင့် ပုန်ကန်မှုကိုဆက်လုပ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်အဖြစ် အဲဒါကိုအဓိ ပ္ပာယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်”ဟု အတိုက်အခံ ခေါင်းဆောင်ပတ်ချန်ဒေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ ဟန်ကိုစွပ်စွဲပြစ်တင်ရေး ကိစ္စတွေကို ချက်ချင်းစတင်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး ယွန်း၏အတွင်းစည်းမှလူများကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် အစိုးရရှေ့နေများက ၎င်းတို့သည် စစ်တပ်အထူးစစ်ဆင်ရေးဌာန၏ အကြီးအကဲ ကွက်ဂျုံကွမ်ကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဟန်သည် ယာယီသမ္မတအဖြစ်လက်ရှိတွင် ထမ်းဆောင်နေသောကြောင့် ၎င်းကို စွပ်စွဲပြစ်တင်ရန် လွှတ်တော်တွင် အများစုထောက်ခံမှုလိုအပ်မည်ဟု အာဏာရ People Power ပါတီက ပြောကြားခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်