Top News

■ လိဂ်ဖလား စတုတ္ထအဆင့် ပွဲကြိုသုံးသပ်ချက်
24htopnews | December 25, 2024 6:12 PM CST

◘ ချယ်လ်ဆီး - ဆောက်သမ်တန်(မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁း၁၅ နာရီ)

ပြီးခဲ့တဲ့တတိယအဆင့်က ပွဲထွက်စာရင်းအတိုင်း ချယ်လ်ဆီးအသင်း အရန်ကစားသမားတွေနဲ့ပဲ ကစားဦးမှာပါ။ ဆောက်သမ်တန်အသင်းမှာ ချယ်လ်ဆီးကပြောင်းသွားတဲ့ လူငယ်ကစားသမားတွေ ခြေစွမ်းပြနေပေမဲ့ ဒီပွဲမှာ ပါဝင်ကစားဖို့ မသေချာပါဘူး။ ချယ်လ်ဆီး ဂိုးပြတ်ဖို့ခက်လိမ့်မယ်။

◘ အာဆင်နယ် - လိဒ်စ်(မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁း၁၅ နာရီ)

အာဆင်နယ်အသင်း ဗီလာနဲ့့ပွဲမှာ နိုင်ပွဲပြန်ရထားသလို၊ အသင်းကစားပုံကလည်း အသင်းကြီးတစ်သင်းရဲ့တည်ငြိမ်မှုမျိုးပြန်ရလာတာ တွေ့ရတယ်။ အခုရာသီမှာ အာဆင်နယ်တို့ ဥရောပပွဲတွေ မရှိတာကြောင့်လည်း အသင်းပရိသတ်ကျေနပ်မှုရစေဖို့ ပြည်တွင်းဖလားပွဲတွေကို ဖိဖိစီးစီးကစားဖို့ များနေပြီး  တောင့်တင်းတဲ့လူစာရင်းကို ထုတ်သုံးလာနိုင်တယ်။ နည်းပြ ဘီယဲလ်ဆာလက်ထက်မှာ လိဒ်စ်အသင်းက လိဂ်ဖလားကို အာရုံစိုက်မှုနည်းပြီး လက်ရှိအချိန်မှာလည်း တန်းဆင်းဇုန်အန္တရာယ်ရှိနေလို့ လိဂ်ဖလားကို စောစောစီးစီးလက်လွှတ်ဖို့များတယ်။ အာဆင်နယ်ပဲ နိုင်ဖို့များတယ်။

◘ QPR - ဆန်းဒါးလန်း(မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၇ ရက် နံနက် ၁း၁၅ နာရီ)

လိဂ်ချန်ပီယံရှစ်ကလပ် QPR က အိမ်ကွင်းနိုင်ပွဲဆက်နေတာ တွေ့ရတယ်။ League Two ကလပ် ဆန်းဒါးလန်းကို QPR အနိုင်ကစားလိမ့်မယ်။


READ NEXT
Cancel OK