ဟော်လန်း၏ ဒဏ်ရာ ထင်မှတ်ထားသည်ထက် ဆိုးရွားနေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေ
24htopnews | December 25, 2024 6:12 PM CST
ဒေါ့မွန်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဟော်လန်းသည် တင်ပါးကြွက်သား ဒဏ်ရာရရှိနေပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဟု ခန့်မှန်းထားရာမှ ယခုအခါ ရာသီကုန်အထိ အနားယူရနိုင်သည့်အလားအလာရှိနေကြောင်း သိရသည်။
ဂျာမန်သတင်းစာ Bild က ဒေါ့မွန်အသင်းသည် ဟော်လန်း၏ဒဏ်ရာအခြေအနေမှာ မူလခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားနေပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေသည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟော်လန်း၏ မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးကလည်း '' အေဂျက်စ်နဲ့ပွဲက ဒီရာသီ ဟော်လန်းရဲ့ နောက်ဆုံးပွဲ ဖြစ်သွားနိုင်ပါတယ်။ ဟော်လန်းရဲ့ တင်ပါးဒဏ်ရာက ထင်တာထက် ပိုဆိုးနေပါတယ်။ ဒီဇင်ဘာမှာ ပြန်ကစားနိုင်မယ်လို့ မှန်းထားပေမဲ့ ဒါက အကောင်းမြင်တာပါပဲ''ဟု ပြောကြားခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
