ဘာစီလိုနာအသင်းသည် အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာကို ဂုဏ်ပြုကျင်းပမည့် မာရာဒိုနာဖလားပြိုင်ပွဲ၌ ဘိုကာဂျူနီယာအသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း တနင်္လာနေ့က အတည်ပြုကြေညာခဲ့သည်။
မာရာဒိုနာသည် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းမှတစ်ဆင့် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းဟောင်းနှစ်သင်းက ဂန္ထဝင်ကစားသမားဟောင်းအတွက် ဂုဏ်ပြုယှဉ်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်။
မာရာဒိုနာသည် အသက် (၆၀)အရွယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ(၂၅)ရက်နေ့၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အကြာ၌ မာရာဒိုနာဖလားပွဲ ကျင်းပရန် စီစဉ်ခြင်းလည်းဖြစ်သည်။
ဘာစီလိုနာနှင့် ဘိုကာဂျူနီယာအသင်းတို့၏ အဆိုပါခြေစမ်းပွဲကို ဒီဇင်ဘာလ(၁၄)ရက်နေ့၌ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မာရာဒိုနာဖလားပွဲကို ဘာစီလိုနာအသင်းက Barca TV မှတစ်ဆင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဘာစီလိုနာအသင်းက အသင်းတွင် (၂)ရာသီ ကစားခဲ့စဉ်အတွင်း ဆုဖလား(၃)လုံး ရယူပေးခဲ့သည့် မာရာဒိုနာအတွက် ဂုဏ်ပြုအမှတ်တရအစီအစဉ်တစ်ခုအဖြစ် မာရာဒိုနာဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ဖော်ပြခဲ့သည်။
ဘာစီလိုနာနှင့် ဘိုကာဂျူနီယာအသင်းတို့သည် ယခင်က (၁၀)ကြိမ်ဆုံတွေ့ယှဉ်ပြိုင်ခဲ့ဖူးပြီး နောက်ဆုံးဆုံတွေ့ခဲ့သည်မှာ ယိုအန်ဂမ်ပါဖလားပွဲတွင် ဖြစ်ကြောင်းလည်း သိရသည်။
ဘာစီိလိုနာအသင်းသည် ဆော်ဒီအာရေဗျနိုင်ငံ၌ ၂၀၂၀ ခုနှစ်က စပိန်စူပါဖလားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ဖူးပြီး ယခု ဒုတိယအကြိမ် သွားရောက်ယှဉ်ပြိုင်ရမည့်အခြေအနေဖြစ်သည်။
ထို့ပြင် ၂၀၂၂ စပိန်စူပါဖလားပြိုင်ပွဲကိုလည်း လာမည့် ဇန်နဝါရီလတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
