မန်ယူူအသင်း၏ တိုက်စစ်မှူး စီရော်နယ်လ်ဒိုက လီဗာပူးလ်အသင်းကို (၀-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် မန်ယူအသင်းပရိသတ်များသည် ယခုရလဒ်ထက် ပိုမိုထိုက်တန်သည်ဟု တောင်းပန်ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် သူ၏ Instagram တွင် ယင်းကဲ့သို့ တောင်းပန်စာရေးသားခဲ့ခြင်းဖြစ်ပြီး ယခုအချိန်မှစ၍ ပိုမိုကောင်းမွန်သည့် ရလဒ်များရယူရတော့မည်ဖြစ်ကြောင်းလည်း ရေးသားခဲ့သည်။
စီရော်နယ်လ်ဒိုက ''တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ ဒီလိုရလဒ်အတွက် တိုက်ပွဲဝင်ခဲ့တာမဟုတ်ဘူး။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ လိိုချင်တဲ့ ပွဲရလဒ်လည်းမဟုတ်ဘူး။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ကြောင့်ပါပဲ။ လုံးဝ ကျွန်တော်တို့ကြောင့်ပဲ။ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက်တော့ ....... ထပ်ပြောပါမယ်။ မယုံနိုင်စရာကောင်းလောက်အောင် အသင်းကို ထောက်ခံအားပေးနေကြတဲ့ ပရိသတ်တွေအတွက် ဒီလိုရလဒ်တွေက မဖြစ်သင့်ပါဘူး။ သူတို့ဟာ ဒီထက်ပို ကောင်းတဲ့ရလဒ်တွေနဲ့ ထိုက်တန်ပါတယ်။ အများကြီးကို ပိုကောင်းသင့်ပါတယ်။ ကျွန်တော်တို့ ပိုကောင်းတဲ့ရလဒ်တွေ ယူဖို့လိုနေပါပြီ။ အခုကစပြီး လိုအပ်နေပါပြီ''ဟု ရေးသားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင် အနီကတ်အပြခံရနိုင်သည့် အခြေအနေမျိုးရှိခဲ့ပြီး ကာတစ်ဂျုံးစ်ထံမှ ဘောလုံးကို ခြေထောက်ဖြင့်ကန်ကာ လုယူခဲ့ရာတွင် ကြမ်းတမ်းစွာ ပြုမူခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကမူ ''ကျွန်တော်မြင်ပါတယ်။ ဒီမြင်ကွင်းက အနီကတ် အပြခံရသင့်တဲ့ မြင်ကွင်းမျိုးပါပဲ။ ဒါပေမဲ့ စီရော်နယ်လ်ဒိုဟာ ဘောလုံးကို ထိခဲ့တယ်။ ဒါမှမဟုတ် ကွင်းလယ်ဒိုင်ရဲ့ခရာမှုတ်သံကို မကြားခဲ့တာဖြစ်ပါလိမ့်မယ်။ ကျွန်တော့်အတွက်တော့ စီရော်နယ်လ်ဒိုကို အနီကတ်မထိစေချင်ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
