ယခုနှစ်အတွက် Ballon d'Or ဆန်ခါတင်စာရင်းတွင် မန်ဒီမပါခြင်းမှာ လူမည်းကစားသမားဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း အသင်းဖော်များက သုံးသပ်ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်း၏ နောက်ခံလူ ရူဒီဂါက Ballon d'Or ဆန်ခါတင် (၃၀)ဦးစာရင်းတွင် မန်ဒီ မပါဝင်ခြင်းမှာ လူမည်းကစားသမားတစ်ဦး ဖြစ်နေခြင်းကြောင့်ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပြီး ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာကလည်း အလွန်အံ့အားသင့်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်း၏ နည်းပြဖြစ်သူ တူဟယ်လ်ကမူ Ballon d'Or စာရင်းတွင် သူ၏ ဂိုးသမားမပါခြင်းအပေါ် ''ကျွန်တော့်အတွက်တော့ သူ့ ရဲ့စွမ်းဆောင်ရည်က အဓိကပါပဲ။ ဒီစာရင်းမှာ သူပါပါ၊ မပါပါ သူဟာ ကျွန်တော့်ရဲ့ ကမ္ဘာ့အကောင်းဆုံးစာရင်းထဲမှာ ပါပါတယ်။ ဒီစာရင်းဟာ ဂျာနယ်လစ်တွေက ရွေးချယ်တဲ့စာရင်းဖြစ်ပြီး သူတို့ဟာ လေးစားခံရဖို့ ထိုက်တန်သူတွေဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
မန်ဒီ၏ ဆီနီဂေါလက်ရွေးစင်အသင်းဖော်ဖြစ်သည့် လီဗာပူလ်တိုက်စစ်မှူး မာနေက လက်မခံနိုင်စရာ ရွေးချယ်မှုဟု ဆိုခဲ့ပြီး ကစားသမားတစ်ဦး၏ အသားအရောင်သည် အချို့ဆုံးဖြတ်ချက်များတွင် ပါဝင်နေဆဲ ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
နာပိုလီအသင်း၏ ဆီနီဂေါအသင်းဖော် ကူလီဘလီကလည်း ''သူက ချန်ပီယံလိဂ်ဖလားရတဲ့ ပထမဆုံးအာဖရိကဂိုးသမားပါ။ ကျွန်တော်တို့ ဒီအကြောင်း ပြောဖြစ်ကြပြီး မန်ဒီကတော့ အေးဆေးပါပဲ။ ကျွန်တော့်အတွက်လည်း သူက ဒီစာရင်းမှာ ပါပြီးသားပါ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
