ဖလောရင့်မြို့တော်ဝန် ဒါလီအိုနာဒယ်လာသည် နာပိုလီအသင်း နောက်ခံလူကူလီဘလီကို သူ့အား လူမျိုးရေးခွဲခြားခဲ့သည့် ဖီအိုရင်တီးနားအသင်းပရိသတ်နှင့် ဆုံတွေ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
ဖလောရင့်မြို့တွင်ကစားခဲ့သည့် ဖီအိုရင်တီးနားနှင့် နာပိုလီအသင်းတို့၏ လက်ရှိရာသီစီးရီးအေပွဲစဉ်တွင် အသက် (၂၅)နှစ်မှ အသက် (၃၀)ကြားအရွယ်ရှိ ဖီအိုရင်တီးနားပရိသတ်သည် ကူလီဘလီကို လူမျိုးရေးခွဲခြားခဲ့ခြင်းဖြစ်သည်။
ဖီအိုရင်တီးနားအသင်းသည် လူမျိုးရေးခွဲဲခြားသည့် အဆိုပါပရိသတ်ကို အိမ်ကွင်းဝင်ရောက်ကြည့်ရှုခွင့် ပိတ်ပင်ခဲ့သလို၊ အီတလီဘောလုံးအဖွဲ့ချုပ်ကလည်း ဘောလုံးပွဲကြည့်ရှုခွင့် (၅)နှစ် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ယခုအခါ ဖလောရင့်မြို့တော်ဝန် ဒါလီအိုနာဒယ်လာက ''လူမျိုးရေးခွဲခြားတဲ့ လူငယ်လေးနဲ့ ကူလီဘလီ ဆုံတွေ့ခွင့်ရအောင် စီစဉ်နေပါတယ်။ သူတို့နှစ်ဦးဆုံတွေ့တဲ့အခါ ရင့်ကျက်ပြီး နိုင်ငံကြီးသားဆန်ကြမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ လူမျိုးရေးခွဲခြားမှုအဆုံးသတ်အောင် တောင်းဆိုနေကြတဲ့ နှစ်ဖက်အသင်းပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဘောလုံးကွင်းတွေမှာ လူမျိုးရေးခွဲခြားမှု လုံးဝမရှိအောင် ကျွန်တော်တို့ တိုက်ဖျက်သွားပါမယ်'' ဟု ပြောခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
