အီကွေဒေါ အိုလံပစ်မီတာ(၂၀၀)အပြေးသမား အဲလက်စ်ကီနိုနက်ဇ်သည် ပြီးခဲ့သည့် သောကြာနေ့ ဒေသစံတော်ချိန် ညလယ်ပိုင်းက မိခင်နိုင်ငံရှိ Guayaquil ဆိပ်ကမ်းမြို့တွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ကီနိုနက်ဇ်အနေဖြင့် အခြားသူတစ်ဦးနှင့်အတူ သေဆုံးလျက်တွေ့ရှိရခြင်းဖြစ်သည်ဟု ရဲတပ် ဖွဲ့က ပြောကြားခဲ့သည်။
ကီနိုနက်ဇ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အကြောင်းရင်းကို မသိရသေးသော်လည်း မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ပတ်သက်မှုရှိလိမ့်မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကီနိုနက်ဇ်သေဆုံးမှုကြောင့် အီကွေဒေါသမ္မတ ဂီလာမိုလာဆိုက နိုင်ငံကို ရက်(၆၀)ကြာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ယင်းကြေညာချက်မှာ အောက်တိုဘာလ(၂၅)ရက်တွင် စတင်သက်ရောက်ခဲ့သည်။
ကီနိုနက်ဇ်သည် အီကွေဒေါမီတာ(၂၀၀)စံချိန်ရှင်ဖြစ်ပြီး (၁၉. ၈၇)စက္ကန့်ဖြင့် စံချိန်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲ မီတာ(၂၀၀)ပွဲစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့သည်။
ပြီးခဲ့သည့် တိုကျိုအိုလံပစ်အတွက် အီကွေဒေါကိုယ်စားပြုယှဉ်ပြိုင်ရန် ကီနိုနက်ဇ် Qualify အောင်မြင်ခဲ့သော်လည်း ပြိုင်ပွဲကျင်းပရန် တစ်လပင်မလိုတော့သည့်အချိန်တွင် Whereabouts Failures ကြောင့် ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရသည်။
ကီနိုနက်ဇ်၏ ကစားသမားဘဝတွင် အအောင်မြင်ဆုံးပြိုင်ပွဲမှာ ၂၀၁၉ ဒိုဟာကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်ပြီး မီတာ(၂၀၀)ပွဲစဉ်တွင် ကြေးတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ကီနိုနက်ဇ်၏ ရုပ်အလောင်းကို မွေးရပ်မြေဖြစ်သည့် Esmeraldas မြို့သို့ ပြီးခဲ့ သည့်စနေနေ့ညက ပြန်လည်သယ်ဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
