လီဗာပူးလ်အသင်း၏ နည်းပြ ယာဂန်ကလော့ပ်သည် အသင်းအတွက် နိုင်ပွဲ(၂၀၀)အမြန်ဆုံးပြည့်မြောက်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ယာဂန်ကလော့ပ်သည် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ (၅-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့သည့် နည်းပြများထဲ၌ နိုင်ပွဲ(၂၀၀)နှင့်အထက် ရယူနိုင်သည့်နည်းပြ (၄)ဦးသာရှိခဲ့ဖူးသောကြောင့် ယာဂန်ကလော့ပ်က နိုင်ပွဲ (၂၀၀)ပြည့်သည့် (၅)ဦးမြောက်နည်းပြလည်းဖြစ်လာခဲ့သည်။
ထို့ပြင် ယခင်က ပွဲအနည်းဆုံးဖြင့် နိုင်ပွဲ(၂၀၀)ပြည့်မြောက်သူအဖြစ် စံချိန်တင်ထားသော ဒဲဂလစ်ရှ်၏ စံချိန်ကို ကျော်ဖြတ်ကာ ယာဂန်ကလော့ပ်က စံချိန်သစ်တင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ဒဲဂလစ်ရှ်သည် နိုင်ပွဲ(၂၀၀)ကို (၃၃၃)ပွဲဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယာဂန်ကလော့ပ်က (၃၃၁)ပွဲဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဘော့ဘ်ပီစလေက (၃၄၅)ပွဲ၊ ဘီလ်ရှန်ကလေက (၃၈၀)ပွဲ၊ တွမ်ဝက်ဆန်က (၄၃၁)ပွဲဖြင့် နိုင်ပွဲ (၂၀၀)ပြည့်မြောက်ခဲ့ကြခြင်းလည်းဖြစ်သည်။
ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းကို ၂၀၁၅ အောက်တိုဘာတွင် စတင်ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး(၆)နှစ်အကြာ၌ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးလ်အသင်း၏ နာမည်ကျော်နည်းပြဟောင်းတစ်ဦးဖြစ်သော ဘင်နီတက်ဇ်မှာ ပွဲပေါင်း(၃၅၀)အထိ ကိုင်တွယ်ခဲ့သော်လည်း နိုင်ပွဲ(၁၉၄)ပွဲသာ ရရှိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
