မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်သည် ကာတာနိုင်ငံ၏ ဘောလုံးသံတမန်အဖြစ် ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်မှုများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ကာတာနိုင်ငံသည် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် ယင်းပြိုင်ပွဲ၌ ဒေးဗစ်ဘက်ခမ်၏ပုံရိပ်ကို အသုံးချရန် အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဘောလုံးသံတမန်အဖြစ် (၁၀)နှစ်တာ ခန့်အပ်မှုအတွက် ပေါင်သန်း(၁၅၀)ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်မီဒီယာများ၏ ဖော်ပြမှုအရ ဒေးဗစ်ဘက်ခမ်သည် ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး လာမည့်လမှစတင်၍ သံတမန်အဖြစ် စတင်ရပ်တည်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
ဒေးဗစ်ဘက်ခမ်၏ ယခုလုပ်ရပ်အပေါ် ဝေဖန်သူများက ကာတာနိုင်ငံသည် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စွန်းထင်းနေသည့် အမည်းစက်များကို အားကစားဖြင့် ပြန်လည်ဆေးကြောလျှော်ဖွပ်ရန် ကြိုးပမ်းလျက်ရှိရာ ဒေးဗစ်ဘက်ခမ်အနေဖြင့် ယင်းအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စိတ်ပျက်စရာဖြစ်သည်ဟု ဆိုခဲ့ကြသည်။
ထို့ပြင် ဒေးဗစ်ဘက်ခမ်အနေဖြင့် ကာတာနိုင်ငံအတွက် အမှန်တကယ်လုပ်ဆောင်ပေးမည်ဆိုပါက Unicef က ၎င်းတို့၏ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေပြီဖြစ်ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
ဒေးဗစ်ဘက်ခမ်သည် PSG အသင်းတွင် ကစားခဲ့စဉ်က အသင်းဥက္ကဋ္ဌ ကာတာသူဌေး အယ်လ်ခီလိုင်ဖီနှင့် ရင်းနှီးသည့်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သလို၊ ၂၀၁၉ ခုနှစ်အတွင်းက ကာတာနိုင်ငံ၏ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ချီးကျူးပြောကြားခဲ့ဖူးသူလည်း ဖြစ်သည်။
ဒေးဗစ်ဘက်ခမ်သည် ကာတာနိုင်ငံ၏ သံတမန်အဖြစ် ဆောင်ရွက်ရန်အတွက် ပြီးခဲ့သည့်လကတည်းက ကာတာနိုင်ငံသို့ သွားရောက်ကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေးဗစ်ဘက်ခမ်သည် စာချုပ်သက်တမ်း(၁၀)နှစ်အတွင်း ကာတာနိုင်ငံ၏ ခရီးသွားကဏ္ဍနှင့် ယဉ်ကျေးမှုကဏ္ဍများ တိုးတက်လာစေရန် အဓိကလုပ်ဆောင်ပေးရမည်ဖြစ်သလို၊ လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဧည့်သည်ပရိသတ်များကို လူ့အခွင့်အရေးအပြည့်အဝရရှိသည့် နိုင်ငံအဖြစ် စည်းရုံးလှုံ့ဆော်ပေးရမည်ဖြစ်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
