Top News

ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင် ပန်းခြံအကြား ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်လှစ်
24htopnews | December 25, 2024 8:12 PM CST

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြေအောက်လမ်းကူး လူသွားဥမင်(Underpass) ဖွင့်ပွဲ အခမ်းအ နားကို ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင် ဖွင့်ပွဲအခမ်းအနားအား နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ နစကဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့ တော်ဝန်နှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့တော်ဝန် ဦးဗိုလ် ဌေးက မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ခဲ့သည့် ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်များဖြင့် တည် ဆောက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာ ကြသူများသည် ဦးဝိစာရလမ်း မြေအောက် လမ်းကူး လူသွားဥမင် တည်ဆောက်ခဲ့မှုနှင့်ပတ်သက်သည့် video clip ကို ကြည့်ရှုခဲ့သည်။

ထို့နောက် နစကဥက္ကဋ္ဌထံ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက မြေအောက် လမ်းကူး လူသွားဥမင် ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်က လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာများအား အမှတ်တရဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် မြို့တော်ဝန်တို့က မြေ အောက်လမ်းကူး လူသွားဥမင် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြေအောက်လမ်း ကူး လူသွားဥမင် အဆောက်အ ဦဝင်ပေါက်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ခဲ့သည်။

အဆိုပါ မြေအောက်လမ်းကူး လူသွား ဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင် ရောက်ဖူးမြော်မှု များပြားသည့်နေရာ တစ်ခု ဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်း သာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင် ပြင်သို့ ပြည်သူများသွားရောက်ရာတွင် ယာဉ် အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက် သာဖြတ်သန်းသွား လာနိုင်စေရန်နှင့် ခေတ်မီ အခြေခံအဆောက်အဦတစ်ခု ထပ်မံပေါ် ပေါက်လာစေရန် ရည်ရွယ်၍ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေအောက် လမ်းကူးလူသွားဥမင် အမျိုးအစားဖြစ်ပြီး ပင်မဥမင်အ မြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျားစုစု ပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် လေးခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄ç ၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ် ကြောင်း၊ မြေအောက်လမ်းကူးလူသွားဥမင် အတွင်း ရွေ့လျားစက်လှေကား လေးစင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်း သူများ အသုံးပြုရန် ဓာတ်လှေကား နှစ်စင်း ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင် ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ မြေအောက်လမ်းကူး လူသွား ဥမင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူ များ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တ ရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်ပြီး ဦးဝိ စာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက် ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK