ရီးယဲလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဘယ်လ်ဂျီယံဝါရင့်တောင်ပံကစားသမား ဟာဇက်ကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ၎င်း၏အသင်းဟောင်း ချယ်လ်ဆီးနှင့် နယူးကာဆယ်အသင်းတို့က ပစ်မှတ်ထားနေကြောင်း သိရှိရသည်။
အသက် ၃၀ နှစ်အရွယ်ရှိ ဟာဇက်သည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် နှစ်ရာသီ ကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၅၂ ပွဲသာကစား ခဲ့ရပြီး ငါးဂိုးသာ သွင်းယူထားနိုင်သည်။
ယခုအခါ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက အခြားကစားသမားများ၏ ခြေစွမ်းကို ပိုမိုနှစ်သက်ခြင်းကြောင့် ဟာဇက်ကို ပွဲထွက်ခွင့်မပေးခြင်းဖြစ်သည်ဟု ပြောကြားထားသည်။
ထို့ကြောင့် ဟာဇက်အနေဖြင့် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေပြီး ၎င်းကိုခေါ်ယူရန် အသင်းဟောင်း ချယ်လ်ဆီးနှင့် နယူးကာဆယ်အသင်းတို့က စိတ်ဝင်စားနေကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ဟာဇက်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၄ ခုနှစ် ဇွန် ၃၀ ရက်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် ၎င်းင်းအတွက် ယူရိုသန်း ၅၀ ခန့် အလိုရှိနေကြောင်း သိရှိရသည်။
ဟာဇက်သည် ချယ်လ်ဆီးအသင်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အသင်းပရိသတ်များက ၎င်းကို ပြန်လည်ခေါ်ယူရန် အလိုရှိနေသလို နယူးကာဆယ်အသင်းကလည်း အသင်းကို နာမည်ကြီးကစားသမားများဖြင့် တည်ဆောက်ရန်ဆန္ဒရှိနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
