ချယ်လ်ဆီးနည်းပြ တူဟယ်လ်က မိမိတို့အသင်းအနေဖြင့် မန်စီးတီး၊ လီဗာပူးလ်အသင်းတို့နှင့် ကွာဟချက် ကျဉ်းမြောင်းအောင် ကြိုးစားနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်ပွဲစဉ် (၉)အပြီးတွင် ချယ်လ်ဆီးအသင်းက ရမှတ် (၂၂)မှတ်ဖြင့် အဆင့်(၁)နေရာ၌ ရပ်တည်နေပြီး လီဗာပူးလ်က (၂၁)မှတ်ဖြင့် အဆင့်(၂)၊ မန်စီးတီးအသင်းက ရမှတ် (၂၀)ဖြင့် အဆင့်(၃)နေရာတွင် အစဉ်လိုက် ရပ်တည်နေသည်။
သို့သော် တူဟယ်လ်က မန်စီးတီးနှင့် လီဗာပူးလ်တို့မှာ နောက်ဆုံး (၄)၊ (၅)နှစ်အတွင်း ချန်ပီယံဆုကို အပြိုင်လုခဲ့သူများဖြစ်ပြီး မိမိအသင်းမှာမူ ၎င်းတို့ကိုစိန်ခေါ်နိုင်ရန် ကြိုးစားနေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က "လီဗာပူးလ်နဲ့ မန်စီးတီးတို့ဟာ နောက်ဆုံး (၄)၊ (၅)နှစ်အတွင်း အဆင့်အတန်းတစ်ခုကို ပြသထားတယ်လို့ ကျွန်တော် အကြိမ်များစွာ ပြောခဲ့ဖူးပါတယ်။ သူတို့နှစ်သင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အပြိုင်လုခဲ့ကြတဲ့ အသင်းတွေဖြစ်ပြီး ကျွန်တော်တို့ကတော့ သူတို့ကို စိန်ခေါ်နိုင်ဖို့ ကြိုးစားနေသူပါ။ သူတို့နှစ်သင်းနဲ့ ကွာဟချက်ကျဉ်းမြောင်းအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ သူတို့လို အဆင့်အတန်းမျိုးဖြစ်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် တူဟယ်လ်က မိမိအနေဖြင့် ရာသီကုန်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအား မည်သည့်အသင်း ရရှိမည်ကို မခန့်မှန်းလိုကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
