မန်စီးတီးနည်းပြ ဂွါဒီယိုလာက အယ်လ်ဆတ်ဒ်အသင်းနည်းပြ ဇာဗီသည် ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန် အသင့်ဖြစ်နေပြီဟု သုံးသပ်ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ယခုရာသီတွင် ရလဒ်ဆိုးရွားမှုများကြောင့် အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းကို ရာထူးမှထုတ်ပယ်ပြီးနောက် အသင်းဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သည့် ဇာဗီကို နည်းပြအဖြစ် ခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။
ဂွါဒီယိုလာကလည်း ရော်နယ်လ်ကိုးမန်း၏ ဘာစီလိုနာနည်းပြရာထူးကို ဇာဗီအနေဖြင့် ဆက်ခံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာက "ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော် မပြောတတ်ပါဘူး။ တကယ်လို့ ဇာဗီသာ ဘာစီလိုနာနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင် သူ့အနေနဲ့ အဲဒီအလုပ်အတွက် အသင့်ဖြစ်နေပြီဆိုတာကို သံသယရှိစရာ မလိုပါဘူး။ ဘောလုံးပွဲတွေ အကြောင်းကို ဇာဗီ ကောင်းကောင်းသိပြီး သူ့မှာ ပြင်းပြတဲ့ စိတ်ဓာတ်လည်း ရှိတယ်။ ကျွန်တော် ဘာစီလိုနာအသင်းကို ကိုင်တုန်းကထက် ဇာဗီအနေနဲ့ အတွေ့အကြုံပိုများနေပြီဆိုတာ သေချာပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၄၁)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဇာဗီသည် ဘာစီလိုနာအသင်းတွင် ၁၉၉၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလားများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှာ အနားယူခဲ့ပြီး ယင်းနှစ်မှာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို စတင်ကိုင်တွယ်ခဲ့သည်။
ဘာစီလိုနာအသင်းသည် လက်ရှိတွင် အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ဇာဗီနှင့် သဘောတူညီမှုရပြီးပြီဖြစ်ပြီး အယ်လ်ဆက်ဒ်အသင်းကို လျော်ကြေးပေးရန် လိုအပ်တော့ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
