နောက်ဆုံးလက်ကျန် (၇)နိုင်ငံကို Red List စာရင်းမှ ဗြိတိန်အစိုးရ ပယ်ဖျက်ပေး
24htopnews | December 25, 2024 10:12 PM CST
ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း Red List စာရင်းသွင်းထားသည့် နိုင်ငံများထဲမှ နောက်ဆုံးလက်ကျန် (၇)နိုင်ငံကို ယင်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါနိုင်ငံများမှာ ကိုလံဘီယာ၊ ပီရူး၊ ပနားမား၊ ဒိုမီနီကန်၊ ဟေတီ၊ ဗင်နီဇွဲလားနှင့် အီကွေဒေါတို့ဖြစ်သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်မှ တောင်အမေရိက ကစားသမားများအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ သွားရောက်ယှဉ်ပြိုင်ပြီးပါက ဗြိတိန်သို့ ပြန်လည်ရောက်ရှိချိန်တွင် Quarantine ဝင်ရန် လိုအပ်တော့မည်မဟုတ်ကြောင်း သိရသည်။
ယခင်က တောင်အမေရိကနိုင်ငံများမှာ ဗြိတိန်အစိုးရ၏ Red List စာရင်းတွင် ပါဝင်မှုကြောင့် ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် ၎င်းတို့၏ကစားသမားများကို သက်ဆိုင်ရာနိုင်ငံများသို့ စေလွှတ်ရန် ငြင်းဆန်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
