Top News

မန်ချက်စတာယူနိုက်တက် ကစားသမားများ၏ ကြိုးစားအားထုတ်မှုကို ရွန်နီ မေးခွန်းထုတ်
24htopnews | December 25, 2024 10:12 PM CST

ဒါဘီအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေသည့် မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ရွန်နီက လက်ရှိ မန်ချက်စတာယူနိုက်တက်ကစားသမားများမှာ လိုအပ်သည့် ကြိုးစားအားထုတ်မှုမရှိကြောင်း ဝေဖန်ခဲ့သည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် အောက်တိုဘာ (၂၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အခါးသီးဆုံး အင်္ဂလန်ဒါဘီပြိုင်ဘက် လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ (၀-၅)ဂိုးဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့ရသည်။ 

ယင်းရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှား၏ အနာဂတ်မှာ လှုပ်ခတ်လျက်ရှိပြီး ရွန်နီကမူ ကစားသမားများ၏ ကြိုးစားမှုမှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ရွန်နီက "မန်ချက်စတာယူနိုက်တက်က တောင်းဆိုမှုများပြီး ဖိအားများတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်နဲ့ပွဲမှာ ခံစစ်ကို ဆင်းကူဖို့ မလုပ်ခဲ့တဲ့ ကစားသမားတွေ အများကြီး ကျွန်တော် မြင်ခဲ့ရတယ်။ အသင်းအတွက် ကြိုးစားချင်စိတ်မရှိတာ၊ ပေးဆပ်လိုစိတ်မရှိတာတွေက လက်ခံပေးလို့ မရပါဘူး။ ဒါကို နည်းပြအမှားလို့ ပြောမလား၊ ဒါမှမဟုတ် ကစားသမားတွေရဲ့ အမှားလို့ ပြောမလား"ဟု ပြောကြားခဲ့သည်။ 

မန်ချက်စတာယူနိုက်တက်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၀)အဖြစ် အောက်တိုဘာ (၃၀)ရက်(စနေနေ့)တွင် စပါးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 


READ NEXT
Cancel OK