မန်ယူအသင်းသည် ကလပ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်နေပြီဖြစ်သော်လည်း ယခုအချိန်အထိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးသည့် အသင်း၏ ကွင်းလယ်လူ ပေါ့ဘာအား ထပ်မံကြိုးစားတော့မည်မဟုတ်ဘဲ လက် လွှတ်ဆုံးရှုံးခံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
ပေါ့ဘာသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိမည့် ကစားသမားဖြစ်သည်။
၎င်းအား ထိပ်တန်း လစာငွေပေးချေကာ ခေါ်ယူလိုသည့် အသင်းများကလည်း အခြေအနေကိုစောင့်ကြည့်လျက်ရှိပြီး ယင်းအထဲ တွင် ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ PSG အသင်းတို့လည်း ပါဝင်လျက်ရှိသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့် နှစ်ကတည်းက ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အဆင်မပြေဖြစ်နေရာ ပေါ့ဘာအပေါ် စိတ်ပျက်နေပြီ ဖြစ်သည်။
ပေါ့ဘာ၏ အေးဂျင့်ဖြစ်သည့် မီနိုရိုင်ယိုလာသည် မန်ယူအသင်းအတွက် ညှိနှိုင်းရန် အလွန်ခက်ခဲနေပြီး ရိုင်ယိုလာသည် လာမည့်ဇန်နဝါရီလတွင် ပေါ့ဘာ မည်သည့်အသင်းနှင့်မဆို အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရမည့်အချိန်မှ ထိုတိုက်ပွဲအတွင်း မန်ယူအသင်းကိုပါ ဝင်ပါခွင့်ပေးမည့်သဘောထားမျိုး ရှိနေသည်ဟုလည်း သိရှိရသည်။
ယင်းအတွက်ကြောင့် မန်ယူအသင်းသည် ပေါ့ဘာအား ထပ်မံညှိနှိုင်းဆွေးနွေးရန် စိတ်မပါတော့ဘဲ လက်လွှတ်ဆုံးရှုံးခံရန် အသင့်ဖြစ်လာခဲ့ခြင်း ဖြစ်ပြီး ၎င်းနေရာအတွက် အစားထိုးရန် စီစဉ်လျက်ရှိနေသည်ဟုလည်း Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
