ဂျာမန်ဖလားပြိုင်ပွဲတွင် မိုချန်ဂလာဘတ်အသင်းအား ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့သည့် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ၁၉၇၈ ခုနှစ်နောက်ပိုင်း (၄၃) နှစ်အတွင်း အဆိုးဆုံး ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။
ဘိုင်ယန်မြူးနစ်အသင်းသည် ဂျာမန်ဖလားပြိုင်ပွဲ ဒုတိယအဆင့်အဖြစ် ဗုဒ္ဓဟူးနေ့က မိုချန်ဂလာဘတ်အသင်းနှင့် ယှဉ်ပြိုင် ကစားရာ အဝေးကွင်း၌ (၅-၀) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
နည်းပြဖြစ်သူ နာဂယ်စ်မန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရခြင်းကြောင့် ကွင်းအတွင်း လိုက်ပါနိုင်ခြင်းမရှိသည့် ဘိုင်ယန်မြူးနစ် အသင်းသည် လီဝန်ဒေါစကီး၊ မူလာ၊ ဂနာ ဘရီ၊ ဆာနေး၊ ကင်မစ်ချ်၊ ဂိုဟက်ဇ်ကာ၊ အူပါမယ်ကာနို၊ ဒေးဗီးစ် စသည့် အဓိကအစုံအလင်အသုံးပြုခဲ့သည်။
သို့သော် ပထမပိုင်း ၂၊ ၁၅၊ ၂၁ မိနစ်မှာပင် သုံးဂိုးခွင့်ပြုခဲ့ရသလို ဒုတိယပိုင်း ၅၁၊ ၅၇ မိနစ်တွင် နှစ်ဂိုး ထပ်ပေးခဲ့ရသောကြောင့် ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယခုပွဲရလဒ်မှာ ဘိုင်ယန်မြူး နစ်အသင်းအတွက် ၁၉၇၈ ခုနှစ် ဒီဇင်ဘာတွင် ဒစ်ဆယ်ဒေါ့ဖ်အသင်းအား ဘွန်ဒစ်လီဂါပွဲစဉ်၌ (၇-၁) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း အဆိုးဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
ထို့ပြင် ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် ဂျာမန်ဖလားပြိုင်ပွဲ၌ နှစ်ရာသီဆက်တိုက် ဒုတိယအဆင့်မှ ထွက်ရခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် တော်တော်တုန်လှုပ်သွားပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး စိန်ခေါ်မှု၊ ဖျက်ထုတ်မှုတစ်ကြိမ်မှ မအောင်မြင်ခဲ့ပါဘူး။ အားလုံးက မှားယွင်းခဲ့ပါတယ်။ ဂလာဘတ်က တကယ်ကောင်းခဲ့တာပါ။ ကျွန်တော်တို့ကတော့ ဒီလိုပုံစံမျိုးမဖြစ်သင့်ပါဘူး" ဟု ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ပွဲအပြီးတွင် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
