Top News

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ Logo ထုတ်ပြန်
24htopnews | December 25, 2024 10:12 PM CST

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ Logo အမှတ်တံဆိပ်နှင့် ဆောင်ပုဒ်စာသားတို့ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။ 

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲ၏ Logo ကို ယင်းနှစ်နိုင်ငံ၏ ယဉ်ကျေးမှုပုံရိပ်များပါဝင်အောင် ဖန်တီးထားကြောင်း သိရသည်။ 

ပြိုင်ပွဲ၏ ဆောင်ပုဒ် Slogan မှာမူ "Beyond Greatmess" ဟု ပေးထားကြောင်း သိရသည်။ 

အဆိုပါ ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း (၂၄)သင်းမှ (၃၂)သင်းသို့ တိုးချဲ့ကျင်းပမည့် ပထမဆုံးပြိုင်ပွဲဖြစ်သည်။


READ NEXT
Cancel OK