Top News

အုပ်စုကျပ်အတွင်း ကျရောက်နေသဖြင့် ပြင်ဆင်မှု ပိုမိုပြုလုပ်ရမည်ဟု မြန်မာအမျိုးသမီးအသင်းနည်းပြ ဆို
24htopnews | December 25, 2024 10:12 PM CST

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က ၂၀၂၂ အာရှ ဖလားအမျိုးသမီးပြိုင်ပွဲတွင် အုပ်စုကျပ်အတွင်း ကျရောက်နေသဖြင့် ပြင်ဆင်မှု ပိုမိုပြုလုပ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် လက်ရှိချန်ပီယံ ဂျပန်အပါအဝင် တောင်ကိုရီးယား၊ ဗီယက်နမ်တို့နှင့် တစ်အုပ်စုတည်းကျရောက်နေသဖြင့် ကွာတားဖိုင်နယ် တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

ဦးတင်မြင့်အောင်က ''ကျွန်တော်တို့ အသင်းက အုပ်စုကျပ်အတွင်း ကျရောက်နေတာဖြစ်လို့ အရင်စီစဉ်ထားတာတွေထက် ပြင်ဆင်မှုတွေ ပိုမိုပြုလုပ်ရမှာပါ။ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အသင်းတွေနဲ့ ခြေစွမ်းအရ ကွာခြားမှုရှိပါတယ်။ ဒါပေမဲ့ အခွင့်အရေးမရှိတာတော့ မဟုတ်ပါဘူး။ အခွင့်အရေးရှိပါတယ်။ ဒါကြောင့် ပြင်ဆင်မှု ပိုမိုပြုလုပ်ရမှာပါ။ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိမှာဖြစ်ပေမဲ့ လက်ရှိအုပ်စုအနေအထားကြောင့် ခက်ခဲသွားတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ ကြိုပြောဖို့ခက်ပါတယ်။ ကြိုးစားရင် မျှော်လင့်ချက်ရှိသလို၊ အခွင့်အရေးတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပြင်ဆင်သွားမှာပါ''ဟု ပြောကြားခဲ့သည်။

မြန်မာအသင်းသည် တစ်အုပ်စုတည်း ကျရောက်နေသည့် အသင်းများအနက် ဂျပန်၊ တောင်ကိုရီးယားအသင်းတို့နှင့် နောက်ဆုံးအဆင့် အုပ်စုတွင် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ဗီယက်နမ်အသင်းနှင့်မူ ပထမဆုံး တွေ့ဆုံခြင်းလည်းဖြစ်သည်။

မြန်မာအသင်းသည် ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးအဆင့် (၄) ကြိမ်တွင် နိုင်ပွဲ (၂)ပွဲသာရယူနိုင်ပြီး ပြိုင်ပွဲ(၄) ကြိမ်တွင် ရမှတ် (၇)မှတ်သာ ရယူနိုင်သေးကြောင်း သိရသည်။


READ NEXT
Cancel OK