Top News

ဆာလာကို ကလပ်အသင်းစံချိန်တင်လစာငွေဖြင့် လီဗာပူးလ် စာချုပ်ရန်နီးစပ်နေပြီး တစ်ပတ်ပေါင် (၅)သိန်းဆိုသည်မှာ သတင်းအမှားဖြစ်
24htopnews | December 25, 2024 10:12 PM CST

လီဗာပူးလ်အသင်းသည် ၎င်းတို့အသင်းအတွက် အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြကစားပေးနေသည့် အသင်း၏ အီဂျစ်တိုက်စစ်မှူး ဆာလာအား ကလပ်အသင်းစံချိန်တင် လစာငွေနှုန်းထားဖြင့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ပြီး ယခင်က သတင်းများထွက်ပေါ်ခဲ့သည့် တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းအထိ ဆာလာက အလိုရှိနေသည်ဆိုသည့် သတင်းများမှာမူ သတင်းအမှားများသာဖြစ်ကြောင်း သိရှိရသည်။

ဆာလာ၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လီဗာပူးလ်အသင်းသည် စာချုပ်၏ နောက်ဆုံးနှစ်အတွင်းသို့ အရောက်ခံမည်မဟုတ်ဘဲ ဆာလာကို စာချုပ်သက်တမ်းတိုးရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ဆာလာကိုယ်တိုင်ကလည်း အသင်း၏ လစာအများဆုံးရ ကစားသမားဖြစ်လာရန် ဆန္ဒရှိသော်လည်း အသင်းပိုင်ရှင်များဖြစ်သည့် FSG ၏ ဘဏ္ဍာရေးမူဝါဒများအပေါ် နားလည်လက်ခံထားပြီး တစ်ပတ်လုပ်ခ ပေါင် (၅)သိန်းအထိ တောင်းဆိုထားသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းတွင် လက်ရှိလစာအများဆုံးရရှိနေသူမှာ နောက်ခံလူ ဗန်ဒိုက်ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၂၂၀၀၀၀)ရရှိနေကာ ဆာလာက ယင်းထက်ပိုများသည့် ပမာဏကိုသာ အလိုရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းကို (၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီး မီဒီယာများက အနာဂတ်အကြောင်း မေးမြန်းစဉ်ကလည်း ဆာလာက ''ကျွန်တော့်အပေါ် မူမတည်ပါဘူး။ ကလပ်အသင်းအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော့်ကို မေးရင်တော့ ကျွန်တော် လီဗာပူးလ်အသင်းမှာပဲ ကစားသမားဘဝရဲ့ နောက်ဆုံးနေ့အထိ ကစားသွားချင်ပါတယ်။ လီဗာပူးလ်အသင်းကို ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရတာမျိုး ကျွန်တော် မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ ကြိုပြောလို့မရဘူးပေါ့''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK