တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမည်ဆိုပါက ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ်ကျင်းပရန် စီစဉ်နေပြီး ယင်းအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က လက်ခံမည်မဟုတ်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ''ဖီဖာရဲ့ အပြောင်းအလဲ ပြုလုပ်မယ့်အစီအစဉ်ဟာ ခိုင်မာမှုမရှိပါဘူး။ ကျွန်တော်တို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(၁၀)နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမယ်ဆိုရင် ပါဝင်မှာ မဟုတ်ပါဘူး''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် စည်းရုံးမှုများ လုပ်ဆောင်နေရာ ဥရောပဘောလုံးအဖွဲ့ချုပ်က ထိပ်ဆုံးမှ ဆန့်ကျင်နေသလို၊ တောင်အမေရိကဘောလုံးအ ဖွဲ့ချုပ်ကလည်း ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လာမည့် ဒီဇင်ဘာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် စီစဉ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
