မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဖာဂူဆန်သည် လက်ရှိနည်းပြ ဆိုးလ်ရှားကို အခွင့်အရေးထပ်ပေးရန် ဆန္ဒရှိသော်လည်း ၎င်းကို ထုတ်ပယ်ရမည်ဆိုပါက လက်ရှိသတင်းထွက်နေသည့် နည်းပြများထက် PSG နည်းပြ ပိုချက်တီနိုကို အစားထိုးခန့်အပ်ရန် သာ လိုလားနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
မန်ယူအသင်းသည် အစဉ်အလာပြိုင်ဘက် လီဗာပူးလ်အသင်းကို အိမ်ကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်နေပြီဖြစ်ပြီး နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ ယှဉ်ပြိုင်ရမည့် စပါး၊ အတ္တလန်တာ၊ မန်စီးတီးတို့နှင့် ပွဲများ၌ ဆိုးလ်ရှား၏ အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမည်ဟု သိရသည်။
ယင်းအခြေအနေ တွင် မန်ယူအသင်းအနေဖြင့် ချယ်လ်ဆီးနှင့် အင်တာမီလန်နည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဟု သတင်းထွက်ခဲ့သော်လည်း ၎င်းမှာ ဖာဂူဆန် အကြိုက်တွေ့သည့် နည်းပြမဟုတ်ကြောင်းလည်း ဖော်ပြနေကြသည်။
ဖာဂူဆန်သည် မန်ယူနည်းပြအဖြစ်မှ အနားယူပြီးနောက်ပိုင်းတွင်လည်း အသင်းအပေါ် သြဇာသက်ရောက်မှု ရှိနေဆဲဖြစ်ပြီး နည်းပြသစ်ခန့်အပ်မှုများ၌ ၎င်း၏သဘောထားမှာ အရေးပါကြောင်း သိရသည်။
ဖာဂူဆန်သည် ပိုချက်တီနိုအား စပါးအသင်းကို ကိုင်တွယ်စဉ်ကတည်းက သဘောကျခဲ့သူဖြစ်ပြီး ပိုချက်တီနိုအနေဖြင့် PSG နှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသော်လည်း စောင့်ကြည့်ရဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
