အာဆင်နယ်အသင်းသည် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူရမည့် အသင်းတိုက်စစ်ကစားသမား ဆာကာ၏နေရာတွင် အစားထိုးရန်အတွက် PSG တိုက်စစ်မှူး မူအာနီကို အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
ဆာကာ(၂၃ နှစ်)သည် ခရစ္စ တယ်ပဲ့လေ့စ်ကို (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ရက်သတ္တပတ်များစွာ အနားယူရမည်ဟု အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုထားသည်။ Daily Mail က ဆာကာအနေဖြင့် (၂) လကျော် အနားယူရဖွယ်ရှိနေပြီး မတ်လတွင်မှ ပြန်ကစားနိုင်ဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။
အာဆင်နယ်အသင်းသည် ဆာကာ၏နေရာတွင် ကာလတိုအစားထိုးရန်အတွက် လာမည့်ဇန်နဝါရီတွင်ကစားသမားတစ်ဦးခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ ယခုအခါ The Standard က အာဆင်နယ်အသင်းသည် ဆာကာ၏နေရာတွင်အစားထိုးရန်အတွက် PSG တိုက်စစ်မှူး မူအာနီကို ပစ်မှတ်ထားနေပြီး လာမည့်ဇန်နဝါရီတွင် အငှားဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
မူအာနီသည် PSG အသင်းတွင် ပုံမှန်နေရာရရန် ရုန်းကန်နေပြီး နည်းပြ အန်နရီကေးနှင့်အဆင်မပြေသဖြင့် အသင်းပြောင်းရွှေ့လိုနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
