မန်ယူနည်းပြ အာမိုရင်မ်က အသင်းတိုက်စစ်ကစားသမား ရပ်ရှ် ဖို့ဒ်အနေဖြင့် အသင်းအတွက် ပြန်ကစားလိုနေသော်လည်း လေ့ကျင့်ရေးကွင်းတွင် မိမိစိတ်ကျေနပ်အောင် စွမ်းဆောင်ပြနိုင်မှသာ ၎င်းကို ပြန်ကစားခွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်) သည် (ဝုလ်ဗ်နှင့်ပွဲမတိုင်မီ)အထိ ပရီးမီးယားလိဂ် (၃)ပွဲ ဆက်တိုက် မန်ယူအသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အသင့် ဖြစ်နေပြီဟု ပြောဆိုခဲ့သည့် အင်တာဗျူးကြောင့် မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသူလည်း ဖြစ်သည်။ ယခုအခါ မန်ယူနည်းပြ အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်သည် အသင်းအတွက် ပြန်ကစားရန်ဆန္ဒပြင်းပြနေကြောင်း အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
အာမိုရင်မ်က "ရပ်ရှ်ဖို့ဒ် ပြန်မကစားသေးတာက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ပြန်ကစားချင်နေပြီး အဲဒီအတွက်လည်း ကြိုးစားနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ရပ်ရှ်ဖို့ဒ် ပြန်ကစားမယ်ဆိုပြီး သတ်မှတ်ထားတာ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ အချိန်တန်ပြီလို့ ခံစားရတဲ့အချိန်မှာ တစ်ခုခုကို အပြောင်းအလဲ လုပ်သွားမှာပါ။ အဲဒီမတိုင်ခင်အထိတော့ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုပဲ ကျွန်တော် စဉ်းစားမှာပါ။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ကစားသမားတွေနဲ့ တစ်ဦးချင်း အများကြီးစကားပြောဖြစ်ပါတယ်။ ကျွန်တော့်နည်းလမ်းအတိုင်း ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် ဘာလုပ်နေတယ်ဆိုတာကို ကျွန်တော် သိပါတယ်"ဟု ဆိုခဲ့သည်။
ထို့ပြင် အာမိုရင်မ်က မိမိနှင့် ရပ်ရှ်ဖို့ဒ်တို့အကြား ပြဿနာမရှိကြောင်းလည်း ပြောကြားခဲ့သည်။ "ကျွန်တော်တို့ကြားမှာ ပြဿနာမရှိပါဘူး။ မီဒီယာတွေက ဇာတ်လမ်းတွေ ရေးနေကြတာပါ။ သူနဲ့ နေ့တိုင်း စကားပြောဖြစ်ပါတယ်။ အင်တာဗျူးအကြောင်း မဟုတ်ပါဘူး။ စွမ်းဆောင်မှုအကြောင်းကိုပါ" ဟု အာမိုရင်မ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
