Top News

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလက်မှတ်များကို အွန်လိုင်းမှရောင်းချနေသော်လည်း မျှော်မှန်းထားသလောက် အရောင်းမသွက်
24htopnews | December 26, 2024 3:12 AM CST

 

၂၀၂၅ ဇူလိုင်လတွင် စတင်ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အွန်လိုင်းမှ လက်မှတ်ရောင်းချမှုကို ဒီဇင်ဘာ(၁၉)တွင် စတင်ပြုလုပ်ခဲ့ရာ မျှော်မှန်းထားသလောက် အရောင်းမသွက်ခဲ့ကြောင်း သိရသည်။ 

၂၀၂၅ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက် (၃၂)သင်းသို့ တိုးမြှင့်ထားသည့်ပြိုင်ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ 

လက်မှတ်စတင်ရောင်းချမှုမှာ မျှော်မှန်းထားသလောက် အရောင်းမသွက်သော်လည်း ဘိုင်ယန်မြူးနစ်အသင်း၏ အုပ်စုအဖွင့်ပွဲလက်မှတ်များမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

မက်ဆီ ဦးဆောင်ကစားနေသည့် အင်တာမိုင်ယာမီအသင်း၏ လက်မှတ်စျေးနှုန်းမှာ ပြန်ရောင်းစျေးကွက်တွင် အမြင့်ဆုံးဖြစ်နေကြောင်းလည်း သိရသည်။


READ NEXT
Cancel OK