Top News

ရီးယဲလ်မက်ဒရစ်နည်းပြရာထူးမှ ထုတ်ပယ်ခံရမည်ဟု တစ်ခါမှ မခံစားခဲ့ရကြောင်း အသင်းနည်းပြ အန်ဆယ်လော့တီ ပြောကြား
24htopnews | December 26, 2024 5:12 AM CST

 

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက မိမိအနေဖြင့် အသင်းနည်းပြရာထူးမှထုတ်ပယ်ခံရမည်ဟု တစ်ခါမှ မခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ဘာစီလိုနာနှင့် အေစီမီလန်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ပြီး အန်ဆယ်လော့တီမှာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။ ယင်းနောက် နိုဝင်ဘာလကုန်ပိုင်းတွင် ရီးယဲလ် မက်ဒရစ်အနေဖြင့် လီဗာပူးလ်နှင့် ဘီလ်ဘာအိုတို့ ကိုလည်း ရှုံးနိမ့်ခဲ့သည်။ 

ထို့ကြောင့် အန်ဆယ်လော့တီ၏အနာဂတ်မှာ လှုပ်ခတ်ခဲ့ပြီး နောက်ထပ်တစ်ပွဲ ထပ်ရှုံးလျှင် ရာထူးမှထုတ်ပယ်ခံရမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ သို့သော် ရီးယဲလ်မက်ရစ်အသင်းသည် နောက်ပိုင်းပွဲစဉ်များတွင် ခြေမှန်လာပြီး လာလီဂါအမှတ်ပေးဇယားတွင် ဘာစီလိုနာကိုကျော်တက်ကာ အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။ 

ယခုအခါ အန်ဆယ်လော့တီက "ကလပ်အသင်းက ကျွန်တော် စိုးရိမ်ရအောင် ဘယ်တုန်းကမှ အရိပ်အယောင်တောင် မပြခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ရာထူးမှထုတ်ပယ်ခံရမယ်လို့ တစ်ခါမှ မခံစားခဲ့ရပါဘူး။ အသင်းတာဝန်ရှိသူတွေက ကျွန်တော်တို့ အမြဲအားပေးခဲ့တာပါ။ ခက်ခဲချိန်မှာ အဲဒီလိုအားပေးမှု တကယ်လိုအပ်ပါတယ်"ဟု ဆိုခဲ့သည်။ 


READ NEXT
Cancel OK