ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေသည့် နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက လီဗာပူးလ်အသင်း အနေဖြင့် လက်ရှိတွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း ချန်ပီယံဆုအတွက်များစွာ ကြိုးစားရဦးမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် နည်းပြ အာနယ်ဆလော့၏ ပထမရာသီတွင် ခြေစွမ်းပြနေပြီး ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေသည်။ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီကုန်တွင် ဂန္ထဝင်နည်းပြ ယာဂန်ကလော့ပ် ထွက်ခွာခဲ့ခြင်းကြောင့် လီ ဗာပူးလ်အသင်းအနေဖြင့် ရုန်းကန်ရမည်ဟု ခန့်မှန်းခဲ့ကြသည်။
သို့သော် လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် နွေရာသီက အဓိကခေါ်ယူမှုအဖြစ် ခီယေဆာတစ်ဦးတည်းကိုသာ ခေါ်ယူခဲ့သော်လည်း အာနယ်ဆလော့လက်အောက်တွင် ရလဒ်ကောင်းများ ရရှိနေသည်။ လီဗာပူးလ်အသင်းသည် ယခုရာသီ ပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၁)ပွဲ သာ ရှုံးနိမ့်ထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး$ ချယ်လ်ဆီးကို (၄)ဖြတ် ရပ်တည်နေကာ ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသည်။
သို့သော် အလန်ရှီးယားက "ပွဲတွေအများကြီး ကျန်ရှိနေသေးတာပါ။ ဒီရာသီက အရင်ရာသီတွေနဲ့ ခြားနားတယ်လို့ ထင်ပါတယ်။ ဘုန်းမောက်၊ ဖောရက်စ်၊ ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့ဟာ နည်းပြသစ်တွေနဲ့ ခြေစွမ်းပြနေတာပါ။ ဒီရာသီက အရမ်းကို ခန့်မှန်းရခက်တာကြောင့် လီဗာပူးလ်အနေနဲ့ ချန်ပီယံဆုအတွက် အများကြီး ကြိုးစားရဦးမှာပါ"ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
