အီတလီဘောလုံးပရိသတ်များသည် ဖက်ဆစ်ခေါင်းဆောင် ဘင်နီတိုမူဆိုလီနီ၏မြစ်ဖြစ်သူ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပထမဆုံးဂိုးသွင်းယူပြီးနောက် ဖက်ဆစ်အလေးပြုပုံစံဖြင့် အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။
အသက် (၂၁) နှစ်အရွယ်ရှိ အီတလီနောက်ခံကစားသမား ရိုမာနိုမူဆိုလီနီသည် အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၏မြစ်ဖြစ်ပြီး လာဇီယို အသင်းမှ စီးရီးဘီကလပ် ဂျူဗီစတာဘီယာအသင်းသို့ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသူ ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာ (၂၂) ရက်(တနင်္ဂနွေနေ့)က ကစားခဲ့သည့် စီးရီးဘီပွဲစဉ် ဂျူဗီစတာဘီယာ (၁-၀) စီဆီနာပွဲ$ ပွဲချိန် (၁၁) မိနစ်တွင် ဂျူဗီစတာဘီယာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သည်။
ယင်းဂိုးမှာ ရိုမာနိုမူဆိုလီနီအတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးသွင်းဂိုး ဖြစ်ခဲ့ကြောင်း သိရသည်။ ရိုမာနိုမူဆိုလီနီသည် အဆိုပါဂိုးကို သွင်းယူပြီးနောက် ခုန်ပေါက်အောင်ပွဲခံခဲ့သော်လည်း အိမ်ရှင် ဂျူဗီစတာဘီယာအသင်းပရိ သတ်များကမူ ၎င်း၏နာမည် မူဆိုလီနီကို အော်ဟစ်ကာ ဖက်ဆစ်အလေးပြုပုံစံဖြစ်သည့် ညာဘက်လက်ကို တည့်တည့်မြှောက်ကာ အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။
ရိုမာနိုမူဆိုလီနီ၏ဘေးဖြစ်သူ ဘင်နီတိုမူဆိုလီနီသည် အီတလီနိုင်ငံတွင် အမျိုးသားဖက်ဆစ်ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ၁၉၂၂ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ရိုမာနိုမူဆိုလီနီသည် ဘင်နီတိုမူဆိုလီနီ၏မြေးဖြစ်သူ အီတလီနှင့် ဥရောပပါလီမန်အဖွဲ့ဝင်ဟောင်း အလက်ဆန်ဒရာမူဆိုလီနီ၏သားဖြစ်ပြီး နိုင်ငံရေးကို စိတ်ဝင်မစားကြောင်း ပြောကြားထားသူဖြစ်သည်။
ရိုမာနိုမူဆိုလီနီသည် လူငယ်ကစားသမားဘဝကို ရိုးမားအသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ယင်းနောက် ရောမမြို့ခံပြိုင်ဘက် လာဇီယိုအသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် လာဇီယို အသင်းတွင် ပွဲကစားခွင့်မရသေးဘဲ ၂၀၂၃-၂၄ ရာသီက ပက်ကာရာအသင်းထံ တစ်ရာသီအငှားဖြင့် သွားရောက်ကစားခဲ့ရသလို၊ ယခုရာသီတွင်လည်း စီးရီးဘီကလပ် ဂျူဗီစတာဘီယာအသင်းထံ တစ်ရာသီအငှားဖြင့် လာရောက်ကစားနိုင်ခြင်းဖြစ်သည်။
ရိုမာနိုမူဆိုလီနီသည် ယခုရာသီတွင် ဂျူဗီစတာဘီယာအသင်း၏အဓိကကစားသမားအဖြစ် ရပ်တည်နေပြီး ပြိုင်ပွဲစုံ (၁၉) ပွဲအထိ ကစားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
