Top News

ပြည်တွင်းရွှေ့ပြောင်းသွားလာမှုနှင့် ပြည်ပရွှေ့ပြောင်းသွားလာမှု တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
24htopnews | December 26, 2024 10:12 AM CST



ပြည်တွင်းရွှေ့ပြောင်းသွားလာမှုနှင့် ပြည်ပရွှေ့ပြောင်းသွားလာမှုများ တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော် ၀ါရီ ၁  ရက်တွင်ပြုလုပ်သည့် အလုပ်သမား ရေးရာဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင်ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစည်းအဝေးတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကား ပြောကြားရာတွင်  တိုင်း ဒေသကြီး ပြည်နယ်တို့တွင် ရွှေ့ပြောင်းသွားလာမှုများ၊ တစ်ဖက်နိုင်ငံများမှ ပြန်လည် လက်ခံမှုများနှင့် ပြည်တွင်းရွှေ့ပြောင်းသွားလာမှုများနှင့် ပြည်ပရွှေ့ပြောင်းသွားလာမှုများသည် တစ်နေ့တခြား ပိုများလာသည့်အတွက် အဆိုပါအကြောင်းအရာနှင့် ပတ်သက်သည့် မိမိတို့ဝန်ကြီးဌာနသည် ပိုမို၍ အရေးပါသည့် အခန်းကဏ္ဍနေရာတွင်ရှိနေ၍ အ ခြားသောဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်ပြောင်းလဲတိုးတက်လာသည့် အခြေအနေများကိုသိရှိပြီး မိမိတို့ဌာနဆိုင်ရာ အကြီးအကဲများက အလေးထား၍ အချိန် နှင့် တစ်ပြေးညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အနည်းဆုံး အခကြေး ငွေကိစ္စကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်သည့်အတွက် ခေတ်နှင့်အညီ သတ်မှတ်နိုင်ရန် အစည်းအဝေးများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ကြိုတင်ကျင်းပထားကြရန်လိုကြောင်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်မှုနှင့် အကျုံးဝင်သည့် အလုပ်သမားများကိုလည်း သတ်မှတ်ချက်အတိုင်း လုပ်ခလစာများ ရရှိမှု ရှိ-မရှိကို စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာရန် လို အပ်ပါကြောင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း လျာထားအင်အား ၃၀၀၀ အား အရည်အချင်းအကဲဖြတ်ရာတွင် လျာထားချက်ပြည့်မီပြီး အရည်အချင်းပြည့်မီစေရန် တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ အလုပ်သမားများ ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ မဟာဗျူဟာ လုပ်ငန်း စီမံချက် ၂၀၁၈-၂၀၂၂ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု နည်းပါး လာစေရန်အတွက် လုပ်သားအင်အား ၃၀ အထက်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC များကို တိုးချဲ့ဖွဲ့စည်းရန်လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောကြားသည်။

ထို့ပြင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ အားကိုးယုံကြည်မှုရရှိအောင် ယခုဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်လေးရပ်ကို ဆက်လက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ ကျန်းမာရေးဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လိုအပ်ပါကြောင်း၊ အလုပ်သမားများ စိတ်ကျေနပ်မှုရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှုများကို ယခုထက် ပိုမိုဆောင်ရွက်သွားကြရန်၊ ထည့်ဝင် ကြေးများအတွက် IT စနစ်ကို ပြုပြင်ပြောင်း လဲနိုင်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိနိုင်ငံ အခြေအနေနှင့်ကိုက်ညီသည့် ပြည် စုံကောင်းမွန်သော မြန်မာနိုင်ငံကလေးအ လုပ်သမား ပပျောက်ရေးလုပ်ငန်းစီမံချက်ကို ထွက်ပေါ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး ကလေးအလုပ်သမားများအတွက် ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ၎င်းတို့ မိသားစု၏ ဆင်းရဲမွဲတေမှုအခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီး၊ ပြည် နယ်ဝန်ကြီးချုပ်များမှ အားကြိုးမာန်တက် ဆောင်ရွက်နေသည်ဖြစ်သည့်အတွက် မိမိတို့ဌာနဝန်ထမ်းများမှ သိရှိပြီး ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


READ NEXT
Cancel OK