ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းရှိ ညောင်ခါးရှည် X - Ray ဂိတ်တွင် သံတိုသံစများတင်ဆောင်လာသည့် DYNA အမျိုးအစား (၆) ဘီးယာဉ်ပေါ်မှ ICE, WY, Happy Water အစရှိသော မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၉) ရက်က တောင်ကြီးမြို့ဘက်မှ မော်လမြိုင်မြို့ဘက်သို့မောင်းနှင်းလာသော သံတို၊သံစများတင်ဆောင်လာသည့် TOYOTA DYNAအမျိုးအစား (၆) ဘီးယာဉ်အား ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် X - Ray စက်ဖြင့် ပုံရိပ်ဖော်စစ်ဆေးရာ သံတို၊သံစများအောက်မှ သံသေတ္တာ (၆) လုံးဖြင့်သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို သံသေတ္တာများအနက် သံသေတ္တာ (၄) လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄၄၈၀၀၀၀) ပြား၊ နောက်ထပ် သံသေတ္တာတစ်လုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၇၅၀၀၀) ပြားအားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နောက်ထပ် သံသေတ္တာ (၁) လုံးအတွင်းမှ ICE (မက်အဖီတမင်း) ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ (၁) ထုပ်လျှင် (၁) ကီလိုဂရမ်ခန့်ပါ အထုပ်ကြီး(၃၀) ထုပ်၊၊ Happy Watဟုယူဆရသော အညိုရောင်အမှုန့် (၁)ထုပ်လျှင်(၁၀)ဂရမ်ခန့်စီပါ (၂၇) ထုပ်၊ (၁) ထုပ်လျှင် (၂၅) ဂရမ်ခန့်ပါ အညိုရောင်အမှုန့်ထုပ်(၉၆)ထုပ်နှင့် နောက်ထပ် သံသေတ္တာတစ်လုံးအတွင်းမှ ICE (မက်အဖီတမင်း) ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ (၁) ထုပ်လျှင် (၁) ကီလိုဂရမ်ခန့်ပါ အထုပ်ကြီး (၁၄၀) ထုပ်အားတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
"ညောင်ခါးရှည် X - Ray စစ်ဆေးရေးဂိတ်မှာ ဖမ်းဆိးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲလို့ သိရပါတယ်" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
အဆိုပါ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိမှုကြောင့် အမှုနှင့်ပတ်သက်သည့် တရားခံများနှင့် ကွင်းဆက်တရားခံများအား စုံစမ်းဖမ်းဆီးစစ်ဆေးပြီး အမှု့ဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
