Top News

မန်စီးတီး မြေလှန်ပြောင်းလဲတော့မှာလား
24htopnews | December 26, 2024 2:12 PM CST

မန်စီးတီးအသင်းက ရင်ဆိုင်နေရတဲ့ ပြဿနာကို ဘယ်လိုမှ ဖြေရှင်းနိုင်စွမ်းမရှိသလို ဖြစ်နေပါတယ်။ ပြဿနာဆိုတဲ့နေရာမှာ ပြောစရာတွေကတော့ အများကြီးပါ။ ခြုံငုံပြီး ပြောရရင်တော့ ရှုံးပွဲဆက်ပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ ပြဿနာပါပဲ။ Boxing Day ပွဲစဉ်မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ တစ်ပွဲသာ အနိုင်ရပြီး ၉ ပွဲအထိ ရှုံးနိမ့်ခဲ့တယ်ဆိုတာ မန်စီးတီးလို အသင်းအတွက် မယုံနိုင်စရာကောင်းလွန်းနေပါတယ်။ ဒီရှုံးပွဲ အရေအတွက်က အခုကာလမတိုင်ခင် ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲပေါင်း ၁၀၆ ပွဲမှာ ရရှိခဲ့တဲ့ ရှုံးပွဲအရေအတွက်နဲ့ တူညီခဲ့ပါတယ်။


READ NEXT
Cancel OK