ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် ၂၃ လမ်းထိပ်ရှိ စားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီခန့်က လူလေးဦးက လူငယ်တစ်ဦးအား ရန်စထိုးကြိတ်ပြီး အုတ်နီခဲဖြင့် ထုသောကြောင့် အသက်အန္တရာယ်စိုးရိမ်ရ၍ ပဲခူးဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ရပြီး ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပဲခူးဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သူရအောင် (၃၃ နှစ်) (ဘ) ဦးမြင့်အောင် ပုဏ္ဏားစုရပ်ကွက် မှော်ကန်၂၅ လမ်းနေထိုင်သူနှင့် သူငယ်ချင်းဖြစ်သူ သန့် ဇော်ထွန်းဆိုသူ နှစ်ဦးတို့သည် နေအိမ်မှ ပဲခူး မြို့နယ်တရားရုံးသို့ သက်သေခံထွက်ဆိုပေးရန် ဆိုင်ကယ်စီး၍ထွက်လာစဉ် ဆိုရှယ်လစ် ၂၃ လမ်း ပါ၀ါစားသောက်ဆိုင်ရှေ့အရောက် တွင် မှတ်ကြီး (အသက်/အဘ စုံစမ်းဆဲ) ဆိုရှယ်လစ်၂၆လမ်း ညောင်တန်းကျူး ကျော်ပိုင်း ရှင်စောပုရပ်ကွက် ပဲခူးမြို့နေသူအပါ လေးဦး တို့က လှမ်းခေါ်၍အနားသို့ ရောက်သွားစဉ် မှတ်ကြီးပါလေးဦးက သူရအောင်အား ‘မင်းကို ကြည့်မရတာကြာပြီ။ ဒီတစ်ခါတော့မင်း သေဖို့သာပြင်တော့” ဟု ဆိုကာ ဝိုင်းထိုးကြိတ်ကာ အုတ်နီခဲဖြင့် အကြိမ်ကြိမ်ထုနှက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုစဉ်အတူပါလာသူ သန့်ဇော်ထွန်းဆိုသူက အိမ်ပြန်ပြီး အကြောင်းကြားရာ သူရအောင်၏မိခင်ဖြစ်သူ ဒေါ်ဖြူဖြူမြင့်နှင့် သူရအောင်၏ သူငယ်ချင်း ရဲထွဋ် (ခ)ဖိုးလပြည့်တို့ ရောက်ရှိလာစဉ် မှတ်ကြီးပါ လေးဦးက “လာပြန်ပြီ နောက်တစ်ယောက်မင်းလားကွ မင်းပါ အသေသတ်ပစ်မယ်” ဆိုပြီး ရဲထွဋ် (ခ) ဖိုးလပြည့်ကိုလည်း ဝိုင်းဝန်းထိုးကြိတ်ပြီး အုတ်ခဲဖြင့်ထုစဉ် ဒေါ် ဖြူဖြူမြင့်က မလုပ်ရန် အော်ဟစ်ပြောဆိုမှ မှတ်ကြီးပါလေးဦး ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရဲထွဋ်(ခ)ဖိုးလပြည့်မှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း သူရအောင်မှာ ပဲခူးဆေး ရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။
“ဖြစ်တာက ၁၆ ရက် ၁၁ နာရီလောက်က ဖြစ်တာ။ ဒီမနက် သူရအောင် ဆုံးသွားတာ ပဲခူးဆေးရုံကြီးမှာပဲ။ တစ်ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရတယ်” ဟု မြို့မရဲစန်းရှိ ရဲဝန်ထမ်းတစ်ဦးက ပြော ကြားသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ပဲခူးမြို့မရဲစခန်းတွင် (ပ)၁၃၀/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇/ ၃၂၅/ ၁၁၄ တို့ဖြင့် ဇန်နဝါရီ ၁၆ ရက်က အမှုဖွင့်ထားခဲ့ရမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအမှု ဖွင့်ခဲ့ပြီး တရားခံများ ဖမ်းဆီးရမိရေးအတွက် စခန်းမှူး ဒုရဲမှူးနိုင်စိုးနှင့်အဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
