Top News

ခန္တီးရတနာနယ်မြေ နန်စီဘွန်‌ကျောက်စိမ်းမှော်တွင် စွန့်ပစ်မြေစာပုံပြိုကျ၍ လူနှစ်ဦးသေဆုံး
24htopnews | December 26, 2024 4:12 PM CST

စစ်ကိုင်းတိုင်း‌ဒေသကြီး ခန္တီးရတနာ နယ်မြေ နန်စီဘွန်ကျောက်စိမ်းမှော်တွင် စွန့်ပစ်မြေစာပုံပြိုကျ၍ လူနှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦးသေဆုံး ခဲ့ကြောင်းနှင့် သေဆုံးသူများ၏ ရုပ်အလောင်း များအား ဇန်နဝါရီ ၁၆ ရက်ညနေပိုင်းတွင်မှ သာ ပြန်လည်တူး‌ဖော်နိုင်ခဲ့‌ကြောင်း သိရသည်။

“မြေစာပုံပြိုတယ်။ နှစ်ယောက်‌သေတယ်။ အဲဒီမြေစာပုံက ပြိုကျနိုင်တယ် အန္တရာယ်ရှိမှန်းသိပေမယ့် ဝမ်းစာအတွက်ဆို တော့ ရနိုင်တယ်ထင်တဲ့နေရာလေးမှာ သွား ပြီးတူးဆွရင်း ပြိုကျလာတော့ တစ်ခါတည်းဖို့ ပြီးသားဖြစ်သွားတာ။ ဖြစ်တာက ဇမ္ဗူသီရိ ကုမ္မဏီရဲ့ စွန့်ပစ်မြေစာပုံမှာ ဖြစ်တာ။ အခုစွန့် ပစ်မြေစာပုံက မြေစာအသစ်ဆိုတော့ ရွှံ့တွေ ရေတွေနဲ့ ပျော့အိအိနဲ့ဆိုတော့ ပြိုကျလွယ် တော့ တူးနေတုန်း ရှာနေတုန်း ပြိုကျလာပြီး ပိသွားတာ။ သူတို့အလောင်းတွေကို ဖြစ်ဖြစ်ချင်း ချက်ချင်းဖော်လို့မရဘူး။ ဖော်ရခက်တယ် ဆိုတာက ဖော်မယ့် ဘက်ဟိုးသွားဖို့ လမ်းမရှိဘူးလို့ သူတို့ကပြောတယ်။ အဲဒီနေ ရာက မြေကြီးတွေက တအားအိနေတယ် ဘက်ဟိုးသွားလို့မရဘူးပေါ့။ နောက်တော့ မနေ့ကတစ်နေကုန် လူအားနဲ့ ဝိုင်းဖော်ကြ တယ်။ ဘက်ဟိုးသွားလို့ရအောင်လည်း လမ်းလုပ်ကြပြီး ဘက်ဟိုးနဲ့ရော ဝိုင်းဖော်ကြတော့ မနေ့ညနေကမှ ဖော်လို့ရတာ။ သေတဲ့ အမျိုး သားနှစ်ယောက်မှာ တစ်ယောက်က ကျောင်းဆရာဟောင်း သူက နန်စီဘွန်က ကလေးတွေ ကို ပရိဟိတအနေနဲ့ စာသင်ပေးနေတာ။ ကျန်တစ်ယောက်က ၄၀ ဝန်းကျင် အိမ်ထောင်သည် ကလေးနှစ်ယောက်နဲ့ ဗိုက်ကြီးနေတဲ့ မိန်းမကျန်ခဲ့တယ်။ အဲဒီနေ့က မြေစာပုံပိတာ နှစ်နေရာဖြစ်တာ။နောက်တစ်ယောက် ပိတာက မိန်းကလေး တစ်ဦး။ သူက ဦးပိုင်မြေ စာပုံမှာ ပိတာ။ သူကတော့တစ်ယောက်တည်း ပိတာ ကျန်တဲ့လူတွေက အချိန်မီတူးဖော်လိုက်နိုင်လို့ မသေဘူး။ ခါးထိသွားတယ်လို့ ပြောတယ်။ အခုခန္တီးဆေးရုံပို့ထားကြတယ်”ဟု နန်စီဘွန်မှော်တွင်နေထိုင်သူ ဒေါ်ဇင်မာက ပြောကြားသည်။

ခန္တီးရတနာနယ်မြေ နန်စီဘွန်ကျောက် စိမ်းမှော်ရှိ ဒေသခံများသည် ကျောက်တူးဖော်သည့် ကုမ္ပဏီများမှ စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာဖွေမှုများပြုလုပ်ကြပြီး တစ်ခါတရံတွင် မြေစာပုံပြိုကျသဖြင့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း ဒေသခံများ၏ပြော ကြားချက်အရ သိရသည်။

 

 


READ NEXT
Cancel OK