Top News

လှိုင်သာယာမြို့နယ်တွင် ရှစ်နှစ်အရွယ်ကလေးကို မုန့်ဝယ်ကျွေးမည်ဟု ပြောဆိုခေါ်ဆောင်ပြီး နားကပ်ဖြုတ်ယူရန်ကြံစည်သူအား ဖမ်းဆီးအမှုဖွင့်
24htopnews | December 26, 2024 4:12 PM CST

လှိုင်သာယာမြို့နယ်တွင် ရှစ်နှစ် အရွယ် ကလေးကို မုန့်ဝယ်ကျွေးမည်ဟုပြောဆို ခေါ်ဆောင်ကာ နားကပ်ဖြုတ်ယူရန် ကြံစည်သူအား သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီး အမှုဖွင့် ထားပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ရဲတပ်ဖွဲဲဲ့မှ စုံစမ်းသိိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၆ ရက် မွန်းတည့် ၁၂ နာရီတွင် လှိုင်သာယာမြို့ နယ်၊ အခြေခံပညာအထက်တန်း ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော အသက် ရှစ်နှစ် ခြောက်လအရွယ်ရှိ မ.....ကို ဖခင်ဖြစ်သူ ဦး......က ကျောင်းလာကြိုစဉ် သမီးဖြစ်သည့် မ.....ကို မတွေ့ရှိသဖြင့် ကျောင်းအတူတက်သည့် ကလေးငယ်တစ်ဦးအား မေးမြန်းရာ အမျိုးသမီးတစ်ဦးက မုန့်ကျွေးမည်ဟုပြော၍ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယင်းသို့သိရသဖြင့် ဦး......က အဆိုပါ အမျိုးသမီးခေါ်ဆောင်သွားရာ ဘက်သို့လိုက် လံကြည့်ရှုရာ သမီးဖြစ်သူကို ယင်းအမျိုးသမီး က လက်ကိုအတင်းဆွဲ နေကြောင်း သိရသဖြင့် လိုက်သွားခဲ့ပြီး အော်ဟစ်ပြောဆိုရာ အမျိုးသမီးမှာ ထွက်ပြေးသွားကြောင်း သိရသည်။

သမီးဖြစ်သူအားမေးမြန်းရာ အဆိုပါ အမျိုးသမီးမှာ မုန့်ဝယ်ကျွေးမည်ဟု ပြော၍ ခေါ်ဆောင်ကာ မ.......၏နားကပ်ကို အတင်းဆွဲချွတ်ခိုင်းရာ တိုင်ပြောမည်ဟုပြော သဖြင့် အတင်းဆွဲခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကလေးငယ်ကို နားကပ်ဆွဲ ချွတ်ရန် ကြံစည်ပြီး ထွက်ပြေးသွားသည့် အမျိုးသမီးကို ပတ်ဝန်းကျင်မှလူများ ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာမြို့မရဲစခန်းမှ တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ကျူးလွန်သည့် ဒလ မြို့နယ်၊ ၁၄ ရပ်ကွက်နေ မအိသက် ၃၇ နှစ် ဆိုသူအား လှိုင်သာယာမြို့နယ် သောင်ကြီး နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၉ ဖြင့် အမှုဖွင့်ကာ အရေးယူရန်ဆောင်ရွက်နေကြောင်း သိရသည်။               


READ NEXT
Cancel OK