Top News

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်ဝေဠုကျော် အမှုတွင် တရားလိုတင်သွင်းထားသည့်အသံဖိုင်များကိုသာ စစ်ဆေးနေဆဲဖြစ်ဟုဆို
24htopnews | December 26, 2024 4:12 PM CST

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်ဝေဠုကျော်အမှုသည် တစ်နှစ်ကျော်ပြီဖြစ်သော်လည်း ယခု အချိန်အထိ တရားလိုတင်သွင်းထားသည့် အသံဖိုင်များကိုသာ စစ်ဆေးနေဆဲဖြစ်ကြောင်း ဇန်နဝါရီ ၁၆ ရက်က သင်္ဃန်းကျွန်း မြို့့နယ်တရားရုံးမှ စုံစမ်းသိိရသည်။

“အမှုကတော့ တရားလို သင်းသင်းဘက်က တင်သွင်းထားတဲ့ အသံဖိုင်တွေကို နားထောင်ပြီး စစ်ဆေးနေဆဲဖြစ်ပါတယ်။ မပြီးသေးပါဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့နောက်ပြီးခဲ့သည့်ရုံးချိန်းတိုင်းတွင် အသံဖိုင်များကိုသာနားထောင်ပြီး စာမျက်နှာ အတော်များများ နားထောင်ပြီးဖြစ်ကြောင်း၊ အသံဖိုင်များကို နားထောင်စစ်ဆေးပြီးမှ သာ အမှုကိုဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုသည် သရုပ်ဆောင်ဝေဠု ကျော်ကို အလှမယ်သင်းသင်းက ကာမလိမ်လည်မှုဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ရက်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဦးတိုက်လျှောက်ထားမှုကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ရာဇသတ် ကြီးပုဒ်မ ၄၁၇ ဖြင့် လက်ခံခဲ့ကြောင်း သိရ သည်။ ထို့နောက်တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်ဝေဠုကျော်က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် အာမခံလျှောက်ထားခဲ့ရာ တရားရုံးမှ တရားစွဲဆိုထားသည့် ပုဒ်မ သည် အာမခံပေး၍ရသောပုဒ်မဖြစ်သည့် အတွက် ကျပ်သိန်း ၅၀ ခံဝန်အတွက် အာမခံ ပေးမည့် သူနှစ်ဦးနှင့်အာမခံပေးခဲ့ခြင်းဖြစ်သည်။                        


READ NEXT
Cancel OK