Top News

ဒလမြို့နယ်အတွင်း လှည့်လည်၍ ဖုန်း၊ ဆိုင်ကယ်နှင့် စက်ဘီးခိုးမှု ၁၂ မှု ကျူးလွန်ထားသည့် အမျိုးသားတစ်ဦးကို ဖမ်းမိ
24htopnews | December 26, 2024 4:12 PM CST

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းလှည့်လည်၍ ဖုန်း၊ ဆိုင်ကယ်နှင့် စက် ဘီးခိုးမှု ၁၂ မှုအထိကျူးလွန်ထားသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူမှာ ဝေဖြိုးဦး(ခ)ကတုံးဆိုသူဖြစ်ပြီး ၎င်းမှာ ခိုးမှုများကျူးလွန်ထားသည် ဟု သတင်းရရှိထားသဖြင့် ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် ဒလမြို့နယ်၊ ကမာကဆစ်ရပ် ကွက်၊ စိုက်ပျိုးရေးစိမ်းလန်းလမ်း၌ တွေ့ရှိရ သဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာ ၎င်းသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်းအနီးရှိ နေအိမ်တစ်အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရ သည်။

ထို့နောက် ဖမ်းဆီးရမိသူ ဝေဖြိုးဦး(ခ)ကတုံးဆိုသူအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ပြီး အခြားပြစ်မှုများရှိမရှိ ဆက် လက်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်  ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ဒလမြို့နယ် အတွင်းလှည့်လည်၍ ယင်းမြို့နယ်၊ ဆာဖာ ချောင်ရပ်ကွက်၊ ရတနာ့ဂုဏ်ရည်လမ်းရှိ နေ အိမ်တစ်အိမ်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ်တစ်စီး၊ ရာဇသင်္ကြန်ရပ်ကွက်၊ စပ်စံ ထွန်းလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုရှေ့တွင်ရပ် တန့်ထားသည့် ဆိုင်ကယ်တစ်စီး၊ အုတ်လှ ကြီးလမ်းရှိ နေအိမ်ခြံဝင်းတစ်ခုရှေ့တွင်ရပ် ထားသည့် ဆိုင်ကယ်တစ်စီး၊ ကျန်စစ်သား ရပ်ကွက်၊ စျေးလမ်းမပေါ်တွင်ရပ်ထားသည့် စက်ဘီးတစ်စီးနှင့် ယောမင်းကြီးလမ်းမပေါ် တွင်ရပ်ထားသည့် ဆိုင်ကယ်တစ်စီးတို့ကို ခိုး ယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းင်းသည် ဒလမြို့နယ်၊ ဗညားဒ လရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်းအနီး နေအိမ်ခြံဝင်းတစ်ခု ရှေ့တွင် ရပ်ထားသည့် စက်ဘီးတစ်စီး၊ တပင်ရွှေထီးရပ်ကွက်၊ ဗိုလ်တေဇ(၉)လမ်းရှိ နေ အိမ်တစ်အိမ်ရှေ့တွင်ရပ်ထားသည့် စက်ဘီးတစ်စီး၊ ကမာကဆစ်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်းရှိ နေအိမ်နှစ်အိမ်ရှေ့တွင် ရပ်ထားသည့် စက်ဘီးနှစ်စီး၊ စိန်လမ်းရှိ နေအိမ်တစ်အိမ်အတွင်းမှ ဖုန်းတစ်လုံး၊ တပင်ရွှေထီးရပ်ကွက်၊ ဗိုလ်တေဇ(၉)လမ်းရှိ နေအိမ်တစ်အိမ်အ တွင်းမှ ဖုန်းတစ်လုံးတို့အား ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေါ်ပေါက်ခဲ့သဖြင့် သက်သေခံ ပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ခိုးယူခံ ခဲ့ရသည့် ပိုင်ရှင်များအနေဖြင့် ဒလမြို့မရဲစခန်း သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ရဲတပ် ဖွဲ့က ထုတ်ပြန်ထားသည်။ 

 

 

 


READ NEXT
Cancel OK