သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာ ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းတွင် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး ဝင်တိုက်မှုကြောင့် ဆွမ်းခံကြွနေသည့် ဦးဇင်းနှစ်ပါး ပျံလွန်တော်မူပြီး ဆွမ်းလောင်းလှူနေသည့် အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၆ နာရီခန့်က သံဃာတော်အပါး ၅၀ ခန့် ဆွမ်းခံကြွရာ ပုတိမ်ရိုးကျေးရွာနေ ဦးအောင်ကျော်လွင်က သံဃာတော်များအား ဆွမ်းလောင်းစဉ် သထုံဘက် မှဘီးလင်းဘက်သို့ ယာဉ်မောင်းအမည်၊ ယာဉ်နံပါတ်၊ ယာဉ်အမျိုးအစား (စုံစမ်းဆဲ) အပြာရောင်မော်တော်ယာဉ်ငယ်သည် ဦး အောင်ကျော်လွင် (၅၄ နှစ်)၊ မိုးကောင်း ကျောင်းတိုက်မှ ဦးဇောတိက (ခ) ဦးစိုးဝင်း (၅၄ နှစ်၊ ငါးဝါ)၊ မိုးကောင်းကျေးရွာ ရွှေပြည် အေးကျောင်းတိုက်မှ ဦးဇင်းပေါက်ကျိုင်း (ခ) ဦးကေသလ (၆၆ နှစ်၊ ငါးဝါ)တို့အား နောက် မှဝင်တိုက်ခဲ့ကြောင်း သိမ်ဆိပ်နယ်မြေရဲစ ခန်းမှ သိရသည်။
ထိုသို့ အပြာရောင်မော်တော်ယာဉ်ငယ် က အနောက်မှဝင်ရောက်တိုက်မိသဖြင့် ဦး အောင်ကျော်လွင်မှာ ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးဇင်းဇော တိကနှင့် ဦးဇင်းပေါက်ကျိုင်းတို့မှာလည်း ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် ပင် ပျံလွန်တော်မူခဲ့ကြောင်း သိမ်ဆိပ်နယ် မြေရဲစခန်းမှ သိရသည်။
ထိုသို့ဖြစ်ပွားပြီးနောက် ယာဉ်နှင့် ယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မော်တော်ယာဉ် အား မဆင်မခြင်မောင်းနှင်ပြီး ဆွမ်းလောင်း နေသူအမျိုးသားတစ်ဦးနှင့် ဆွမ်းခံကြွနေသူ ဦးဇင်းနှစ်ပါးအား ဝင်ရောက်တိုက်မိကာသေ ဆုံးစေခဲ့သူ ထွက်ပြေးတိမ်းရှောင်နေသောယာဉ်မောင်းအပေါ် သိမ်ဆိပ်နယ်မြေရဲစခန်း က ယာဉ် (ပ) ၁/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၃၀၄(က)/၂၀၂ အရ အမှုဖွင့် အရေးယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
