Top News

လွန်ခဲ့သော ၁၄ နှစ်ခန့်က ဖြစ်ပေါ်ခဲ့သည့် အမွေကိစ္စအမှုတစ်ခုနှင့်ပတ်သက်၍ လက်ရှိနေထိုင်သူအား တရားရုံးအမိန့်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်အင်အားသုံး၍ လာရောက်ဖယ်ရှား
24htopnews | December 26, 2024 4:12 PM CST

 

လွန်ခဲ့သော ၁၄ နှစ်ခန့်က ဖြစ်ပေါ်ခဲ့သည့် အမွေကိစ္စအမှုတစ်ခုနှင့်ပတ်သက်၍ လက်ရှိနေထိုင်သူအား တရားရုံးအမိန့်ဟုဆိုကာ ရဲအင်အားသုံး၍ လာရောက်ဖယ်ရှားမှု ဇန်နဝါရီ ၁၄ ရက်က တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက် ၁၆၇ လမ်းရှိ အိမ်အမှတ်  ၁၂ ကို တရားရုံးအမိန့်ဟုဆိုကာ ရဲတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီခွဲမှစ၍ အင်အားသုံးဖယ် ရှားရန်ကြိုးစားကြကြောင်း သိရသည်။

“အရင်ကအမှုဖြစ်တာ။ အမှုဖြစ်တော့ အခုလက်ရှိနေတဲ့ လူကရှုံးတာပေါ့။ ရှုံးတဲ့အခါကျတော့ ဖယ်ခိုင်းတယ်။ ကျွန်တော်တို့ကတော့  တရားရုံးက လုံခြုံရေးခေါ်လို့ လာယူပေးတာ” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များအပြင် အိမ်ကိုလာရောက်ဖျက်ရန်အတွက် တူ၊ လွှ၊ ဓား ကိုင်ဆောင်သူများလည်း ရောက်လာကြကြောင်း ပတ်ဝန်းကျင်ရှိနေထိုင်သူများထံမှ သိရသည်။

ထို့နောက် ယင်းအိမ်တွင် နေထိုင်သူများက ဖယ်ရှားခြင်းကို ခွင့်မပြုသည့်အတွက် မွန်းလွဲ ၂ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ပြန်သွားကြကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိနေထိုင်နေသည့် အိမ်ပိုင်ရှင် ဦးသိန်းလှထွန်းက “အမှုက ၂၀၀၅ ခုနှစ်ကတည်းကဖြစ်တာ။ အမေ့နာမည်ကို  ကျွန်တော့်အစ်မက ထိုးပြီး အဲဒီအစ်မနဲ့ ကုလားတစ်ယောက်နဲ့ ကျွန်တော်နဲ့ ရုံးမှာ တရားရင်ဆိုင်တာပေါ့။ ကျွန်တော့်အစ်မက ကျွန်တော့်ကို တရားစွဲခဲ့တာပေါ့။ အခုလာဖယ်ခိုင်းတာက ခရိုင်တရားရုံးက ဘိလပ်ဖြစ်တယ်” ဟု ပြောကြားသည်။

ထို့ပြင် အဆိုပါအိမ်၏ မျက်နှာစာရှေ့တွင် “တာမွေမြို့နယ်နေ ဦးသိန်းလှထွန်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အိမ်အပ်ဝရမ်းမပြဘဲ လာရောက်၍အကြိမ်ကြိမ် နှင်ထုတ်နေသည့်ကိစ္စ” ဟူသည့် ခေါင်းစဉ်နှင့် စာများပါသည့် မြန်မာ့သံတော်ဆင့်သတင်းစာ တစ်စောင်အပါအဝင် ဥပဒေပုဒ်မအချို့ ကပ်ထားသည်ကိုလည်း တွေ့ရသည်။   

 

 


READ NEXT
Cancel OK