ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများထံမှ လာဘ်ငွေရယူသည်ဟုဆိုကာ အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိဟောင်း ဦးစန်းမောင်ဦးအား ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းတရားလွှတ်တော် တရားစီရင်ရေးဌာနခွဲ ၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။
တရားရုံးချိန်းတွင် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က အမှုနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ရုံးတော်သို့ တင်သွင်းခဲ့ရာ ရုံးတော်က သက်သေခံအဖြစ် လက်ခံခဲ့သည်။
ယင်းအပြင် တရားရုံးချိန်း တရားခွင်၌ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိက ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခု၏ ဘဏ်စာရင်းရှင်းတမ်းများကို သက်သေခံအဖြစ် တင်သွင်းခဲ့သည်။
ထိုသို့ ဘဏ်စာရင်းရှင်းတမ်းများကို သက်သေခံအဖြစ် တင်သွင်းခြင်းအပေါ် တရားစွဲဆိုခံရသူ၏ ရှေ့နေက မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသောဘဏ်က ထုတ်ပေးထားသော ဘဏ်စာရင်းရှင်းတမ်းများ မဟုတ်ပါသဖြင့် ရုံးတော်က သက်သေခံအဖြစ်လက်မခံရန် လျှောက်ထားခဲ့သော်လည်း တရားရုံးတော်က အမှုဆက်စပ်သဖြင့် သက်သေခံအဖြစ် လက်ခံခဲ့သည်။
ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦးကို ထိုင်းသို့လုပ်သား တရားဝင်စေလွှတ်သော အေဂျင်စီများက လာဘ်စားသည်ဟုဆိုကာ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီတို့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီများထံမှ လာဘ်ငွေအကြိမ်ကြိမ်ရယူခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်က တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
