Top News

ထိုင်းတွင် တရားမဝင်ကြက်ဝိုင်းကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ မြန်မာ ၃၀ ဖမ်းဆီးခံရ
24htopnews | December 26, 2024 4:12 PM CST

 

ထိုင်းနိုင်ငံတွင် တရားမဝင်ကြက်ဝိုင်းကို အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးရာ မြန်မာ ၃၀ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတစ်ခုတွင် ဖော်ပြချက်အရ သိရသည်။

ဇန်နဝါရီ ၁၂ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်တွင် တရားမဝင်လုပ်ကိုင်နေသည့် ကြက်ဝိုင်းတစ်ခုကို နယ်မြေရဲတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးရာ ထိုင်းနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၆၅ ဦး ဖမ်းဆီးခံထားရကြောင်း သိရသည်။

အဆိုပါ ကြက်ဝိုင်းတွင် မြန်မာနိုင်ငံသား ၁၀၀ ခန့်ရှိပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေးကြရာ မြန်မာ ၃၀ သာ ဖမ်းဆီးခံရကြောင်း Social Action For Children and Women က ဖော်ပြထားသည်။

ဖမ်းမိခဲ့ရသည့် ထိုင်းနှင့် မြန်မာနိုင်ငံသားများသည် တရားမဝင် လောင်းကစားဥပဒေဖြင့် တရားစွဲခံရမည်ဖြစ်ကြောင်း ၀ိချစ်မြို့နယ်စခန်းမှူးက ပြောကြားခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် ရိုးရာကြက်တိုက်ကစားဝိုင်းအား လောင်းကြေးမပါဘဲ လက်ရည်စမ်းပွဲကိုသာ နယ်များတွင် ခွင့်ပြုထားပြီး တရားဝင်လောင်းကစားဝိုင်းကို ဘန်ကောက်နှင့် နကော်စမ်ခရိုင်တွင်သာ ခွင့်ပြုထားကြောင်း Social Action For Children and Women မှ သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအမြီှးရှည်တိုက် ကြက်မျိုးနှင့် ထိုင်းတိုက်ကြက်မျိုးစပ်၍ မွေးထားသည့် တိုက်ကြက်များသည် အာရှတလွှားတွင် နာမည်ကြီးပြီးအနိုင်ရသည့် တိုက်ကြက်တစ်ကောင်အား ဘတ်သန်းချီပေးဝယ်ကြကြောင်း သိရသည်။

ထို့ပြင် ထိုင်းလူမျိုးအချို့မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ တိုက်ကြက်မျိုးများကို ကိုယ်တိုင်လာရောက် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု သွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများမှာ တရားဝင်စာရင်းအရ တစ်သန်းကျော်ရှိပြီး တရားမဝင်နှင့် တရားမဝင်စာရင်းအရ ၁၀ သန်းကျော်ရှိကြောင်း သိရသည်။                                                

 

 


READ NEXT
Cancel OK