ရှမ်းပြည်နယ် တောင်ကြီးမြို့ကျောင်း ကြီးစုရပ်ကွက် ၀ါးပြားလမ်းဆုံဂနိုင်ရေကန် အတွင်း ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီခွဲ တွင် လူတစ်ဦးခုန်ချ သေဆုံးခဲ့ကြောင်း သ တင်းရရှိသည်။
ဖြစ်စဉ်မှာ တောင်ကြီးမြို့ကျောင်းကြီး စုရပ်ကွက် ၀ါးပြားလမ်းဆုံ ဂနိုင်ရေကန်အတွင်း ဇန်နဝါရီ ၁၀ ရက် နံနက်၉ နာရီခွဲခန့် တွင် လူတစ်ဦးခုန်ချသွားသည်ကိုကျောင်း ကြီးစုရပ်ကွက်ရုံးမှ ဝန်ထမ်းတစ်ဦးက လှမ်းမြင်လိုက်သဖြင့်ရေကန်အတွင်းပြေးဆယ် ရာမမီလိုက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ကန်အတွင်း ရေငုပ်၍ ဆင်း ဆယ်ရာ နာရီဝက်အတွင်း အလောင်းကို ဆယ်ယူရရှိခဲ့ပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
သေဆုံးသူမှာ မြို့မရပ်ကွက်၊ နယ်မြေ (၅) ဘုရင့်နောင်လမ်းတွင် နေထိုင်သူဟု သိရပြီး မူးယစ်ဆေးဝါးကြောင့်သော်လည်းကောင်း၊ အရက်သေစာကြောင့်သော်လည်း ကောင်း မူးယစ်၍ ကန်အတွင်းခုန်ချသွား သည်ဟု ယူဆရကြောင်း၊ ယခင်ကလည်း ကိုသီဟစောသည် ရပ်ကွက်အတွင်း ထိုသို့ ဖြစ်စဉ်များရှိခဲ့ဖူးပြီး စိတ်ကျန်းမာရေး ချို့ယွင်းချက်ရှိသည်ဟုယူဆရကြောင်း မြို့မ ရပ်ကွက်နေထိုင်သူများက ပြောသည်။
“ကောင်လေးက ဒီမှာ ဆိုင်ကယ်လာရပ်တယ်။ ပြီးတော့ ဒီဘက်ကို ကျော်ပြီးတော့ ခုန်ချလိုက်တယ် ပြောတာပဲ။ အရင်တုန်းက နည်းနည်းကြောင်ဖူးတယ်ပြောတယ်။ ပြန်တွေ့ပြီ၊ ဆုံးသွားပြီ၊ ပြန်သယ်သွားပြီ။ တောင်ကြီးမြို့မရပ်ကွက်ထဲကပဲ ဘာကြောင့်ဖြစ် မှန်းမသိဘူး။ အရင်က စိတ်ကျန်းမာရေး ရှိဖူးတယ်ပြောတယ်” ဟု ကျောင်းကြီးစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ပြောကြားသည်။
“မြို့မထဲက ကိုသီဟဟော နယ်မြေ ၅ ပေါ့။ ဆိုင်ကယ်ရပ်ပြီးတော့ ရေကန်ထဲကို ခုန်ချသွားတယ်။ အရင်ကလည်း စိတ်ကစဉ့် ကလျားဖြစ်ဖူးတာရှိတယ်။ မူးပြီးသောင်း ကျန်းတာတို့ တစ်ယောက်တည်းလျှောက် သွားနေတာတို့ မူးပြီးအော်ဆဲနေတာတို့ရှိ တယ်။ မိသားစုရှိတယ်” ဟု မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြော ကြားသည်။
“ကျွန်တော်တို့ တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့က ဖုန်းနဲ့အကြောင်းကြားလို့ ဒီနေရာကို လာပြီးတော့ ရေငုပ်ရှာတယ်။ တွေ့တဲ့ချိန်မှာ မီးချိတ်နဲ့ဆွဲမတယ်။ အပေါ် ဆွဲတင်တယ်။ ဆေးရုံကို အရေးပေါ်ကားနဲ့ ပို့လိုက်တယ်” ဟု တောင်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ကျောင်းကြီးစုရပ်ကွက် ဂနိုင်ရေကန်တွင် ယခင်နှစ်များတွင်လည်း ကန် အတွင်း ခုန်ချမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
