မန်ယူအသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်၏နေရာတွင် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်ဖြင့် အစားထိုးရန်စဉ်းစားနေကြောင်း သိရသည်။
အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် မန်ယူအသင်း၏လူစာရင်းမှ (၃) ပွဲဆက် ချန်လှပ်ခံခဲ့ရသည်။
ထို့ပြင် ကစားသမားကိုယ်တိုင်က စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု ပြောဆိုထားရာ ၎င်း၏အနာဂတ်မှာ လှုပ်ခတ်လျက်ရှိနေသည်။
ယခုအခါ မန်ယူအသင်းသည် လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာဖွယ်ရှိနေသည့် ရပ်ရှ်ဖို့ဒ်၏နေရာတွင် ဂါလာတာစာရေးအသင်းသို့ တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်ဖြင့် အစားထိုးရန် စဉ်းစားနေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။
အိုဆင်မန်သည် ယခုရာသီတွင် ဂါလာစာရေးအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၁၂) ဂိုးသွင်းယူထားသည်။
Sky Sports ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် အိုဆင်မန်၏ကိုယ်စားလှယ်များနှင့် စကားပြောပြီးပြီဖြစ်ပြီး နောက်တစ်ဆင့်အနေဖြင့် ကစားသမားနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရန်သာ လိုအပ်တော့ကြောင်း သိရသည်။
နာပိုလီအသင်းသည် ဂါလာတာစာရေးတွင် အငှားချထားသည့် အိုဆင်မန်ကို ရောင်းထုတ်လိုနေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၂) သန်း(ယူရို ၇၅ သန်း) တောင်းဆိုဖွယ်ရှိနေကြောင်း Sky Sports က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
