Top News

ယာဂန်ကလော့ပ်အား လီဗာပူးလ်အသင်းကို ကိုင်တွယ်နေစဉ် လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလကပင် ချဉ်းကပ်ခဲ့ကြောင်း ရက်ဘူးလ်အမှုဆောင်ချုပ် ဖွင့်ဟ
24htopnews | December 26, 2024 6:12 PM CST

ယာဂန်ကလော့ပ်အား ယခုရာထူးအတွက် ခန့်အပ်ရန် လီဗာပူးလ်အသင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လွန်ခဲ့သည့်နှစ်နှစ်ကျော်ကာလကပင် ပထမဆုံးချဉ်းကပ်ခဲ့ကြောင်း ရက်ဘူးလ်ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်သူ အိုလီဗာမင်ဇလတ်က ဖွင့်ဟခဲ့သည်။

ဆွေးနွေးရာတွင်လည်း လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျာမန်လူမျိုးနည်းပြ ကလော့ပ်သည် ရက်ဘူးလ်အုပ်စု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် ပြီးခဲ့သည့် အောက်တိုဘာလကမှ တရားဝင်ခန့်အပ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

၎င်းအနေဖြင့် ယင်းတာဝန်ကို လာမည့် ဇန်နဝါရီလ(၁)ရက်တွင် တရားဝင်တာဝန်ယူမည်ဖြစ်သည်။

ကလော့ပ်သည် အသင်းမှ ထွက်ခွာတော့မည့်အကြောင်းကို ယခုနှစ် ဇန်နဝါရီလက ရုတ်တရက်ကြေညာခဲ့ပြီး ကစားသမားများနှင့် ပရိသတ်များကို အံ့သြတကြီးဖြစ်စေခဲ့သည်။

သို့သော် ကလပ်တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက နည်းပြ ကလော့ပ် ရာထူးမှ နုတ်ထွက်မည့်အကြောင်းကို ကြိုတင်သိရှိထားခြင်းလည်းဖြစ်သည်။

ကလော့ပ်၏ရာထူးအသစ်သည် ရက်ဘူးလ်ပိုင်ဆိုင်မှုအောက်တွင်ရှိသော ဘောလုံးကလပ်များဖြစ်သည့် လိုက်ပ်ဇစ်၊ ဆာလ်ဇ်ဘာ့ဂ်နှင့် နယူးယောက်ရက်ဘူးလ်အသင်းများ၏ နိုင်ငံတကာကွန်ရက်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း သိရသည်။

ကလော့ပ်သည် ယင်းရာထူးကို ရယူအပြီး ပထမဆုံးသတင်းစာရှင်းလင်းပွဲအဖြစ် ဇန်နဝါရီလ(၁၄) ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းရာထူးကို လက်ခံမှုအတွက် ကလော့ပ်၏အသင်းဟောင်းများဖြစ်ကြသည့် ဒေါ့မွန်နှင့် မိန့်ဇ်ပရိသတ်များက ပြစ်တင်ဝေဖန်ခဲ့သည်။


READ NEXT
Cancel OK